
အိန္ဒိယ၏ ပဲပိစပ်တင်သွင်းမှု မြင့်တက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဆီထွက်သီးနှံရာသီအတွက် တန်ချိန် ၁ သန်းနီးပါးအထိ တင်သွင်းနိုင်ကြောင်းသိရသည်။ ယခင်နှစ်က ပဲပိစပ်တင်သွင်းမှု တန်ချိန် ၀.၀၂ သိန်း ရှိခဲ့ကြောင်းသိရသည်။ မုတ်သုန်ရာသီဝင်ရောက်မှုနောက်ကျခြင်းသည် လက်ရှိ ၂၀၂၆ ခုနှစ် သီးနှံရာသီအတွက် သက်ရောက်မှုရှိရာ လာမည့်ဆီထွက်သီးနှံရာသီအထိ တင်သွင်းမှု များ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အိန္ဒိယပဲပိစပ် စိုက်ပျိုးထုတ်လုပ်သူများအသင်း (Soyabean Processors Association of India -SOPA) ၏ ခန့်မှန်းတွက်ချက်မှုအရ ပြည်တွင်းလိုအပ်ချက်နောက်ဆုံးရ အခြေအနေအရ ၂၀၂၅-၂၀၂၆ ဆီထွက်ရာသီဖြစ်သည့် အောက်တိုဘာမှ ဩဂုတ်လအတွင်း ပဲပိစပ်တင်သွင်းမှု တန်ချိန် ၉.၃၄ သိန်း ရှိခဲ့ကြောင်းသိရသည်။ စက်တင်ဘာလအတွက် ဝယ်ယူမှုအပါအဝင် စုစုပေါင်း တင်သွင်းမှု တန်ချိန် ၉.၅ သိန်းအထိ ရောက်ရှိနိုင်ကြောင်းသိရသည်။ ၂၀၂၂-၂၀၂၃ အတွင်း တင်သွင်းမှုတန်ချိန် ၇ သိန်းနီးပါး ရှိခဲ့ကြောင်းသိရသည်။
၂၀၁၇-၂၀၁၈ တိုင်အောင် ပဲပိစပ်တင်ပို့သူဖြစ်ခဲ့သည့် အိန္ဒိယသည် ၂၀၁၈-၂၀၁၉ အတွင်း တွင် ပဲပိစပ်အဓိက တင်သွင်းသူအဖြစ်သို့ပြောင်းလဲခဲ့ကြောင်း၊ ယင်းအချိန်မှစတင်၍ တင်သွင်းမှု ပမာဏများသည် ၂၀၂၂-၂၀၂၃ အထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ လက်ရှိတင်သွင်းမှု မမြင့်တက် ခင်က ၂၀၂၃-၂၀၂၄ မှ ၂၀၂၄-၂၀၂၅ အတွင်းတွင် တင်သွင်းမှုများ ကျဆင်းခဲ့ကြောင်းသိရသည်။
အိန္ဒိယသည် မျိုးရိုးဗီဇပြုပြင်မွမ်းမံထားသည့် ပဲပိစပ်များကို အဓိကတင်သွင်းလျက်ရှိကြောင်း၊ အဓိက တင်သွင်းသည့်နိုင်ငံများမှာ နိုင်ဂျာ၊ တိုဂိုနှင့် နိုင်ဂျီရီးယားကဲ့သို့ တောင်အာဖရိကနိုင်ငံများ ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ အတွက် ပဲပိစပ် တန်ချိန် ၁၁၀.၂၆ သိန်း ထွက်ရှိမည်ဟု အသင်းအနေဖြင့် ခန့်မှန်းထားပြီး ရာသီဥတုပြောင်းလဲမှုများကြောင့် စိုက်ဧကနှင့် အထွက်နှုန်းကျဆင်းခဲ့ရာ ပြီးခဲ့သည့် နှစ်က ထွက်ရှိခဲ့သည့် တန်ချိန် ၁၂၈.၈၂ သိန်း အောက် ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဝန်ကြီးဌာန၏ နောက်ဆုံးရ အချက်အလက်အရ ယခုနှစ်စိုက်ပျိုးရာသီတွင် ပဲပိစပ်ဧက ၁၂၂.၀၈ သိန်းနီးပါးစိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ်စိုက်ဧက ၁၂၃ သိန်းအောက် အနည်းငယ်ကျဆင်းကြောင်းသိရသည်။ အဓိကစိုက်ပျိုးသည့် ပြည်နယ်များအနက် Maharasthra နှင့် Karnataka ပြည်နယ်များသည် မိုးရေချိန်မလုံလောက်မှုကို ရင်ဆိုင်နေရကြောင်းသိရသည်။
ပဲပိစပ်ဈေးနှုန်းများသည် လွန်ခဲ့သောနှစ်လကျော်အထိ အနိမ့်ဆုံးသတ်မှတ် ဈေးနှုန်းများ ထက်မြင့်တက်လျက်ကြောင်း၊ အစိုးရအနေဖြင့် ပဲပိစပ်အနိမ့်ဆုံးဈေးနှုန်းအား ၁၀၀ ကီလိုလျှင် ရူပီး ၅၇၀၈ ဖြင့် တိုးမြှင့်ပေးထားကြောင်းသိရသည်။ သို့သော် ဇူလိုင်-ဩဂုတ်အတွင်း လက်တလော ဈေးနှုန်းများ မြင့်တက်ခဲ့ရာ အနိမ့်ဆုံးသတ်မှတ်ဈေးနှုန်းသည် ပဲပိစပ် ၁၀၀ ကီလိုလျှင် ရူပီး ၆၅၀၀-၇၃၀၀ အကြား ရှိကြောင်းသိရသည်။
Source : The Hindu Businessline, September 16, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
