
သရက်သီးသည်အပူပိုင်းဒေသ၏အနံ့အရာသာနှင့်ပြည့်စုံသော အသီးတစ်မျိုး ဖြစ်သည်။သရက်ပင်၏ မူရင်းပေါက်ရာဒေသသည်အိန္ဒိယနိုင်ငံအရှေ့ပိုင်း အာသံ ပြည်နယ်နှင့်မြန်မာနိုင်ငံတို့ဖြစ်ပါသည်။သရက်ပင်တစ်ပင်လျှင်အမြင့်ပေ၁၁၅ပေမှ၁၃၁ပေအထိရှိပါသည်။ သရက်ပင်သည်နှစ်ရှည်အပင်တစ်မျိုးဖြစ်ပါသည်။ သရက်ပင်၏အရွက် သည်နုစဉ်အခါပန်းနုရောင်သန်းပြီး အနီရောင်သန်းပြီး နောက်ပိုင်းတွင်အစိမ်းရောင်သို့ပြောင်း လဲသွားပါသည်။သရက်ပင်မျိုးပေါင်း၄၀၀ကျော် ရှိပြီများစုမှာနွေရာသီတွင်သီးသီး ကျပါသည်။အချို့မှာတစ်နှစ်လျှင်၂ကြိမ်အသီးသီးကျပါသည်။သရက်ပင်မှသရက်သီး များရင့်မှည့်ရန်၃လမှ၆လအထိကြာမြင့်တတ်ပါသည်။သရက်အဖူးအပွင့်ကို မြန်မာနိုင်ငံတို့တွင် တို့စရာအဖြစ်စားသုံးကျပါသည်။သရက်သီးကို မတ်လလောက်တွင်တို့စားနိုင်သော သရက်အကင်းများရရှိသည်။ဧပြီလကုန်မေလဆန်း မှသာစတင်၍ မှည့်ဝင်းလာ ကြသည်။အသီးမှည့်များကိုဧပြီလမှဇွန်လတိုင်အောင်စားကြရပါသည်။ မြန်မာနိုင်ငံ တွင် အစိုက်အများဆုံးသရက်မျိုးများမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲနှင့်မချစ်စုမျိုးတို့ဖြစ်ကြသည်။သရက်ကိုမြန်မာတစ်နိုင်ငံလုံးရှိ အိမ်တိုင်း လိုလိုစိုက်ပျိုးကြသည်။သရက်သီးစိမ်းများကိုနုစဉ်အခါတို့စရာအဖြစ်အစိမ်းတို့စား ကြသည်။ အသီးအနည်း ငယ်ကြီးလာလျှင် သုပ်၍လည်း စားကြသည်။သရက်သီး သနပ် ပြုလုပ်ခြင်း၊ ဆားရည်စိမ်ခြင်း စသည်ဖြင့်လည်း ပြုလုပ်သုံး ဆောင်ကြသည်။ မန္တလေးတိုင်းဒေသအတွင်း သရက်သီးကိုကျောက်ဆည်၊ စဉ့်ကိုင်၊မြစ်သားတို့တွင် ထွက်ရှိသော သရက်သီးများသည် ပြည်တွင်းရောင်းအားကောင်းသော သရက်သီး များဖြစ်ကြပါသည်။ယခုအခါတွင် စဉ့်ကိုင်မြို့နယ်ရှိ သဇင်နွယ်သရက်ခြံတွင် သရက်သီးကို ဒေသထွက်ကုန်အဖြစ် သရက်သီးယို၊ သရက်သီးအနှစ်ထုတ်၊ သရက်သီးရေခဲချောင်း၊ သရက်သီးခြောက်၊သရက်သီးသနပ်စသည် ဖြင့်အမျိုးမျိုး ထုတ်လုပ်ရောင်းချ လျက်ရှိပါသည်။ယခုအခါသရက်သီးတစ်လုံးလျှင်အရွယ်အစား အလိုက် ၃၀၀ကျပ်မှ၈၀၀ကျပ် အထိ ရောင်းချလျက်ရှိပါသည်။
DOCA(မန္တလေး)