
၂၀၂၅ ခုနှစ်၊ မေလ စတုတ္ထအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန်တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၀၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၄၈၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် မေလ စတုတ္ထအပတ် စားသုံးဆီနှင့်ဥ ဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ကြက်သား(ဒေသ) တစ်ပိဿာ ၂၇၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် မေလ တတိယအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဂျင်း၊ အာလူးနှင့် ခရမ်းချဉ်သီးတို့ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပြီး ကြက်သွန်ဖြူ(ကြူကုတ်)၊ နနွင်း၊ ကြက်သား(ဒေသ)နှင့် ပဲတောင့်ရှည်ဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသထွက်များ လက်ကျန်လျော့နည်းလာသောကြောင့် ဖြစ်ပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)နှင့်နနွင်းဈေးနှုန်းကျဆင်းရခြင်းမှာ ဒေသတွင်းသို့ အဝင်များသောကြောင့်လည်းကောင်း၊ ကြက်သား(ဒေသ)ဈေးနှုန်း ကျဆင်းရခြင်းမှာ ဝယ်လိုအားနည်းသောကြောင့်လည်းကောင်း၊ ပဲတောင့်ရှည် ဈေးနှုန်းကျဆင်းရခြင်းမှာ ရာသီပေါ်ထွက်ချိန်ဖြစ်သောကြောင့်တို့ ဖြစ်ပါသည်။ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)