ရာသီပေါ် လိုင်ချီးသီး ဈေးနှုန်း

Powered by Drupal

  လိုင်ချီးသီးသည်အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်၍ အစာခြေလမ်းကြောင်းကိုရှင်းလင်းစေ  ပြီး အစာအိမ်နှင့်ဝမ်းဗိုက်အောင့်ခြင်းကို လျှော့နည်းစေပါသည်။ မေလတွင် ရာသီစာ လိုင်ချီးသီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ ပြင်ဦးလွင် ၊နောင်ချို၊ သီပေါ၊ မန္တလေး၊ကသာ၊ ထီးချိုင့် တို့ဘက်မှလည်း မန္တလေးမြို့ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ဝယ်ယူသူ များပြားသောကြောင့် အရောင်းအဝယ်ကောင်းလျက်ရှိပြီး ဈေးနှုန်းမှာလည်း သင့်တင့်သော ကြောင့် ဝယ်ယူစားသုံးသူများသာမက ရောင်းချသူများပါ အဆင်ပြေလျက်ရှိပါသည်။ လက်လီဈေးနှုန်းအနေဖြင့်  လိုင်ချီးသီး ၂၅ ကျပ်သားလျှင် ကျပ် (၁၅၀၀/၂၀၀၀)၊ တစ်ပိဿာ လျှင် (၆၀၀၀/- မှ ၈၀၀၀/-)ကြားဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)