
ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိသည့်မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားဆီ တင်သွင်းမှု လျော့ချနိုင်ရန်အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါ တယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလ နောက်ဆုံးပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဗမာ)၃၆၀၀၀ဝ ကျပ်နှင့် ၃၆၅၀၀ဝ ကျပ်၊ နှမ်းညို(ဟ)၃၀၅၀၀ကျပ်နှင့် ၃၂၀၀၀၀ကျပ်၊နှမ်းညို (သစ်) ၃၅၀၀၀၀ ကျပ်၊ပန်းနှမ်း ၂၅၅၀၀ဝ ကျပ်၊တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဗမာ)၈၀၀၀ ကျပ်နှင့် ၈၁၁၁ ကျပ်၊နှမ်းညို (ဟ)၆၇၇၈ ကျပ်နှင့်၇၁၁၁ကျပ်၊နှမ်းညို(သစ်)၇၇၇၈ ကျပ်၊ပန်းနှမ်း ၅၆၆၇ ကျပ်၊နှမ်းဖတ်စျေးမှာ ၄၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း သိရ ပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာတစ်ပိဿာလျှင် နှမ်းဖြူ(ဗမာ) ၈၈၈၉ ကျပ်၊ နှမ်းညို (သစ်) ၇၄၄၄ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စျေးနှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက နှမ်းစျေး မှာ အနည်းငယ်လျော့နည်းသွားကြောင်း သိရ ပါတယ်။
DOCA(မန္တလေး)