ရာသီစာ ထန်းသီးဆံ

Powered by Drupal

    ထန်းသီးဟု လူအများက ခေါ်ဝေါ်ကြပြီးအမှန်မှာ အသီးဆံဖြစ်ပြီး အညိုရင့်ရောင်ထန်းသီးထဲတွင် ထန်းသီးဆံများက ခုကနေ ခုလောက်အထိ ပါဝင်တတ်ပြီး အသားက ဂျယ်လီလိုဖြူဖြူ ကြည်ကြည်လေး ဖြစ်ပါသည်။ထန်းသီးဆံက စားရတာ အရသာရှိသည့် အပြင် ကျန်းမာရေးရှူထောင့်မှ ကြည့်မည်ဆိုပါက အစာအိမ် အူလမ်းကြောင်းကျန်းမာစေသည့်အပြင်ရေဓာတ်ကြွယ်ဝစေကာ အာဟာရ ချို့တဲ့မှုကင်းစေပြီး ရင်ပူတာ၊ ဝမ်းချုပ်တာ၊ဝမ်းလျှောတာတွေ သက်သာစေနိုင်ပြီး အသားအရေ ကျန်းမာစေပါတယ်။ထန်းသီးနုနုလေးများကိုကျောက်ကျောထိုးပြီးစားစား၊နို့စိမ်းနဲ့ ဖျော်သောက်သောက်၊ မနုမရင့် ထန်းသီဆံလေးကို ထန်းလျက်နဲ့ တွဲဖက်စားသုံးနိုင်ပြီး ၎င်း အာဟာရတန်ဖိုးမှာ  အဆီလုံးဝ မပါဘဲပရိုတင်းကြွယ်ဝပြီး ဖော့စရိတ် ပါဝင်နေသလို ရေဓာတ်၊ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် ဘီ၊ဇင့်၊ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။ ထန်းသီးနုနုလေးများပေါ်ကာစ မေလတွင် ဈေးကွက်သို့ရောင်းချသဖြင့် လူအများဝယ်ယူစားသုံးကြပြီး လာရောက်ရောင်းချသူ အများစုမှာတံတားဦး ဘက်မှဖြစ်ကြောင်း၊မန္တလေးအိမ်ရှေ့မင်းထန်းတောမှလည်း မန္တလေးမြို့ပေါ်ရှိဈေးများတွင် အလုံးလိုက် ရောင်းသလိုထန်းသီးအိမ်မှ ထုတ်၍လည်း ထန်းသီးနုနုများကိုရောင်းချကြောင်းသိရပါသည်။ ထန်းသီးဆံ ဈေးနှုန်းများမှာ ထန်းသီးအိမ်ထဲမှ ထုတ်ထားသောထန်းသီးအစေ့မှာ တစ်ထောင်ကျပ်ဖိုးလျှင် (၆)ဆံ၊ တစ်ဆံလျှင်(၁၅၀/၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ရာသီချိန်ဖြစ်သောကြောင့်ထန်းသီးဆံများ ရောင်းအား ကောင်း လျှက်ရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)