ကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားအစိုးရပိုင် ထောက်ပံ့ရေး အေဂျင်စီ (Bulog) သည် ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့ရန်အတွက် ခွဲတမ်း စီစဉ်လျက်ရှိကြောင်းသိရှိရသည်။ Bulog ၏ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ Ahmad Rizal Ramdhani က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ သိုလှောင်ထားသည့် ဆန်တန်ချိန်စုစုပေါင်း ၃၃၅၁၉၀၀ တန်မှ တင်ပို့မည့်ခွဲတမ်းကို ပြည့်မီအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

အိန္ဒိယတောင်သူများသည် နောက်ထပ်စံချိန်တင် စပါးရိတ်သိမ်းမှုတစ်ခုကို အပြီးသတ် လုပ်ဆောင်နေကြပြီး ယင်းသည် ကမ္ဘာ့ဆန်စျေးကွက်အတွင်းသို့ ဆန်အမြောက်အမြား ထပ်မံ ဝင်ရောက်လာစေမည်ဖြစ်သည်။ စျေးကွက်အတွင်း၌ ဆန်လက်ကျန်များ လုံလောက်စွာရှိနေပြီး ဖြစ်သဖြင့် ယခုကဲ့သို့ အိန္ဒိယဆန်များ ထပ်မံဝင်ရောက်လာခြင်းသည် အခြေခံစံပြု ဆန်စျေးနှုန်း များအပေါ် ထပ်မံ၍ ဖိအားပေးလာဖွယ် ရှိနေသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၈.၀၆ သန်းကျော် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံကျော် ရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ နောက်ဆုံးထုတ် ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဗီယက်နမ်နိုင်ငံရှိ အဓိကငါးဖမ်းဧရိယာ ၁၂ ခု မှ အမေရိကန်ပြည်ထောင်စုသို့ ရေထွက်ကုန်များ တင်သွင်းခြင်းကို တရားဝင် ပိတ်ပင်လိုက် ကြောင်း ကြေညာခဲ့သည်။

မလေးရှားနိုင်ငံ၏ စားအုန်းဆီလုပ်ငန်းကဏ္ဍသည် ကုန်လက်ကျန်သိုလှောင်မှုပမာဏ စံချိန် တင် များပြားနေမှုနှင့်အတူ ဇီဝဒီဇယ်အဖြစ် ပြောင်းလဲသုံးစွဲမည့် မူဝါဒများ အကန့်အသတ်ရှိသဖြင့် ဈေးနှုန်းများအပေါ် ဖိအားသက်ရောက်နေမှုတို့အရ ၂၀၂၆ ခုနှစ်၌ သတိကြီးစွာထားရှိ၍ လုပ်ကိုင်ရ မည့် အခြေအနေကို ရင်ဆိုင်နေရသည်။ ဆီသိုလှောင်မှုလက်ကျန်သည် ဈေးကွက်အတွင်းနှင့် ခန့်မှန်းချက် အများအပြားက တညီတညွတ်တည်း တွက်ဆထားသည်ထက် ကျော်လွန်နေခြင

