ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

မန်ကျည်းပင်သည်နွေရာသီဆိုလျှင် အေးမြသည့်အရိပ်ကိုပေးနိုင်ပါသည်။ နွေနေပူမှာ မန်ကျည်းရိပ်အေးအေးလေးတွင်ထိုင်ပြီး အကြမ်းရည်သောက်၍ အညာဓလေ့အတိုင်း ထန်းလျက် လေးစားပြီး စကားပြောကြသည်မှာ အညာဒေသ၏ချစ်စရာဓလေ့တစ်ခုဖြစ်ပါသည်။ မန်ကျည်းပင် သည် အရွက်၊ အသီး၊ အခေါက်၊ အစေ့၊ တစ်ပင်လုံးနီးပါး အသုံးဝင်ပါသည်။ ယခုအခါ နွေရာသီသို့ ရောက်ရှိလာသည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းရွက်နုနုကို ကြက်သွန်စိမ်း၊ ပုဇွန် ခြောက်၊ မြေပဲမှုန့်၊ ဆီစိမ်း၊ အချို၊ အငန် အရသာထည့်ပြီး သုပ်စားကြသလို ချဉ်ရည်ဟင်း ချက်စား

ရာသီမရွေးဈေးထဲမှာ အလွယ်တကူဝယ်လို့ရတဲ့ ဟင်းနုနယ်ရွက်ကို သံဓာတ်ပေါကြွယ်ဝတယ်လို့ လူသိများကြောင်း သိရပါတယ်။ ဟင်းနုနယ်ရွက်ကို ကြော် ၊ ချက် ၊ ဟင်းချိုချက် စားရုံသာမက အသုပ်အဖြစ်လည်း သုပ်စားတဲ့အရွက်အဖြစ် လူတိုင်းနှစ်သက်စွာ စားသုံးကြပါသည်။ ဟင်းနုနယ်ရွက်သည် ဂျုံထက် အမျှင်ဓာတ်ပမာဏ (၃) ဆပိုမိုပါဝင်လို့ အစာကြေညက် လွယ်ကူစေပြီး ဝမ်းချုပ်ခြင်းကင်းဝေးစေကြောင်း သိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ကုန်စိမ်းရောင်းသူတစ်ဦး၏ ပြောပြချက်အရ ဟင်းနုနယ်ရွက် ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၀၀၀)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားဖိုဆောင် သီးနှံဖြစ်သည့် ကြက်သွန်နီသီးနှံကို မိုးကြက်သွန်နီ၊ ဆောင်းကြက်သွန်နီဟူ၍ နှစ်ကြိမ်စိုက်ပျိုးကြရာ မိုးကြက်သွန်နီကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းလေ့ရှိကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် မိုးကြက်သွန်နီကို (၁၅၄)ဧကစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်းအနေဖြင့်(၂၅၅၀)ပိဿာဖြင့် အထွက်စုစုပေါင်း (၃၉၂၇၀၀)ပိဿာထွက်ရှိခဲ့ပါကြောင်း သိရသည်။

ခရမ်းချဉ်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံတစ်မျိုးဖြစ်၍ ဓာတ်တိုးဆန့်ကျင် ပစ္စည်းအများအပြားပါဝင်ကြောင်း သိရသည်။ ဓာတ်တိုးခြင်းကိုဖြစ်စေပြီး ကင်ဆာ၊ ဆီချို၊ နှလုံးရောဂါနှင့် အခြားနာတာရှည်ရောဂါများဖြစ်စေသော ပစ္စည်းများမှ ကင်းဝေးစေနိုင်ပါသည်။ ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော စားစရာများစားသုံးခြင်းဖြင့် ကင်ဆာရောဂါနှင့်နှလုံးရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ကြောင်း၊ ခရမ်းချဉ်သီးတွင် ဗီတာမင်အေနှင့်စီ ကြွယ်ဝစွာပါဝင်ကြောင်း သိရသည်။ အကောင်းဆုံးမှာ သဘာဝအတိုင်းရင့်မှည့်သောခရမ
