ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Apr 2025

    မတ်လနောက်ဆုံးပတ်အတွင်း  မန္တလေးမြို့၊သီရိမာလာစျေးတွင်   ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ ရေထွက်ပစ္စည်းဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသတွင်းရှိ မွေးမြူရေးကန်များမှ တီလားဗီးယားငါး(ဂျပန်ငါး)၊ ငါးကြင်းများ၊ ရေချိုငါးမျိုးစုံနှင့် ပုဇွန်များ၊ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းမှထွက်ရှိသောငါး၊ပုဇွန်၊ ဂဏန်းများနှင့်ရေထွက်ပစ္စည်းများဝင်ကြောင်း  သိရပါတယ်။ မန္တလေးစျေးကွက်ဝင်ရောက်မှာ တစ်ရက်ခြားလျှင် ကား(၁၀ဘီး)၃စီးနှင့်၄စီးအကြားဝင်ရေ

28 Apr 2025

     ၂၀၂၅  ခုနှစ်မတ်လ ‌နောက်ဆုံးပတ်အတွင်း     မန္တလေးစျေးချိုတော်တွင်  ငါးခြောက်များ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။  မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ် သည့်ငါးခြောက်၊ ငါးပိနှင့်ပုဇွန်ခြောက်များအား   ရန်ကုန်တိုင်းဒေသကြီးနှင့်  မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။ ၂၀၂၅ခုနှစ်မတ်လနောက်ဆုံးပတ်အတွင်း အမျိုးအစားအလိုက် တစ်ပိဿာ ပေါက်စျေးတို့မှာ   ငါးနီတူးခြောက် ၂၀၀၀ဝိ/- နှင့်   ၂၈၀၀ဝိ/-၊  ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ငါးပု

28 Apr 2025

     ဂေါ်ဖီထုပ်စိုက်ပျိုးချိန်၊ထွက်ရှိချိန်သည် မျိုးစေ့အမျိုးအစား၊ ရာသီဥတု၊ စိုက်ပျိုးနည်း စနစ်နှင့် ဒေသကိုလိုက်၍ ၆၀ ရက်မှ ၁၂၀ ရက်ထိကွာခြားသည်။ မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်ကို အဓိကအားဖြင့် ဆောင်းရာသီ၌ စိုက်ပျိုးလေ့ရှိပြီး အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများ တွင် စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လဆန်းများတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရသည်။ အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်များတွင် အဓိကစိုက်ပျိုးပြီ

28 Apr 2025

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အနှံ့အပြားတွင် မန်ကျည်းပင်များအလေ့ကျ ပေါက်ရောက်မှုရှိသလို၊ စီးပွားဖြစ်လည်းစိုက်ပျိုးမှုရှိ၍ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ မန်ကျည်းသီးအများဆုံးထွက်ရှိသောမြို့တစ်မျိုးဖြစ်ပါသည်။ အခြားမြို့နယ်များ ဖြစ်သည့် မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်များမှလည်း ထွက်ရှိမှု ရှိပါသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်း အဓိကစိုက်ပျိုးထွက်ရှိသောကျေးရွာများမှာ ပုပ္ပား၊ ဆုံကုန်း၊ မြောက်တော၊ ပုပ္ပားလွင်၊ သံပို၊

28 Apr 2025

    ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာခွဲပေါင်း(၃၃၉)ရွာရှိသည့်အနက်မှ စပေါင်းကုန်း ကျေးရွာသည် ပွင့်လင်းရာသီ၌ မြေထည်လုပ်ငန်းများကို လုပ်ကိုင်လေ့ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပါသည်။ မြေထည်လုပ်ငန်းမှ ထွက်ရှိသောပစ္စည်းများမှာ ရေအိုး၊ အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဟင်းအိုးပြင်ခွက်ဝင်အိုး၊ ဟင်းအိုးပြင်ပြည်ဝင်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ထန်းရည်မြူအိုး၊ ဘုရားပန်းအိုးတို့အား ပြုလုပ်ရောင်းချလျက်ရှိပါသည်။ ယခုအချိန်အခါသည် မြန်မာလူမျိုးတို့၏ နှစ်သစ်သို့ ကူပြောင်းတော့မည် တန်ခူးလရာသီ သို့ရောက်ရှိ

Pages