ကုန်သွယ်မှုသတင်းများ
မုံရွာမြို့တဖက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မြေနုကျွန်းများနှင့် ရေဝင်အင်းများတွင် ဆောင်းသီးနှံ (မြေပဲ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ပဲကြား) များရိတ်သိမ်းပြီးသည့် ရိုးပြတ်များတွင် မတ်လဆန်းမှစ၍ အစေထုတ်ပြောင်း (မိုးကြိုး)များ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအာလူးပွဲရုံများသို့ ဒေသတွင်း အဝင်မရှိဘဲ အောင်ပန်း မှ တစ်ပတ်လျှင် ၁၂ဘီးကား ၂စီးဖြင့် တအိတ်လျှင် အချိန်၄၀ပိဿာပါ အိတ် ၈၀၀-၁၀၀၀ခန့် ပုံမှန် အဝင်ရှိနေပါသည်။ အောင်ပန်းအာလူး ဆိုဒ်စုံအဝင်ရှိပြီး အရည်အသွေး အလုံးအကြီးအသေးအလိုက် ပွဲရုံဈေး၁ပိဿာ လျှင် ၁၅၀၀- ၁၆၀၀ -၂၀၀၀ ခန့်ဖြစ်ပြီး လက်လီဈေး ၁ပိဿာလျှင် ၂၄၀၀- ၂၅၀၀ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်း အားလူးကြော်လုပ်ငန်း၊ စမူဆာကြော်လုပ်ငန်း၊ မုန့်လုပ်ငန်းရှင်များနှင့် လက်လီအရောင်
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာတွင် ထန်းရွက်ခမောက် လုပ်ငန်းကို ရှေးယခင်ကတည်းက မိရိုးဖလာလုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီး ရက်လုပ်ရာတွင်ကုန် ကြမ်း အဖြစ်အသုံးပြုသည့် ထန်းရွက်ကို အရာတော်မြို့နယ်၊ ကျေးရွာများမှ ရရှိကြောင်း၊ အဆိုပါ ထန်းရွက်ခမောက်လုပ်ငန်းကို စီးပွားဖြစ် တွင်တွင်ကျယ်ကျယ်လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း မိသားစု တစ်နိုင်တစ်ပိုင်ဝင်ငွေရနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကုန်ကြမ်း ထန်းရွက်ကို ကိုယ်တိုင်ခုတ်၍ ဈေးကွက်ရာသီဖြစ်သည့် နွေ
ပြင်ဦးလွင်မြို့သည် တောင်ပေါမြို့ဖြစ်ပြီး ရာသီဥတုအနေဖြင့် အေးမြသောကြောင့် မြို့နေတောင်သူအများစုမှာ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနှင့်ပန်းမာလ်၊နှစ်ရှည်သီးနှံများအား အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်လျက်ရှိပါသည် ။ ၄င်းသီးနှံများအနက်မှ မက်မန် စိုက်ပျိုးမှုအား ပြင်ဦးလွင်မြို့နယ်တွင်(၉၅၃)ဧကစိုက်ပျိုးထားကြောင်း သိရှိရပါသည်။အဓိကစိုက်ပျိုးသောကျေးရွာများမှာ ပန်းဦးတောင်၊ ကုန်ကော်၊ ဆင်ဖြူအင်း၊ အင်းထိပ်၊ ညောင်ကုန်း၊ မျှော့တော တို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိပြီး
နတ်ဆေးပင် (ခေါ်) ရှားစောင်းလက်ပပ်အပင်ကို ကျမတို့ စစ်ကိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နေအိမ်များတွင် အများအပြား စိုက်ပျိုးလာကြသည်ကို တွေ့ရှိ ရပါတယ်၊ ရှားစောင်း လက်ပတ်အပင်သည် မြေကြီးအစိုဓာတ်အသင့်အတင့်ရရှိရုံဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်လုပ် အားခမကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေရရှိနိုင်တဲ့ အပင်လည်း ဖြစ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထား သင့်တဲ့ အပင်ဖြစ်ပြီး နတ်ဆေးပင်(ခေါ်) ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်းပုံကို တွေ့ရှိရမှာ ဖြစ်ပါတယ်။