ကုန်သွယ်မှုသတင်းများ
ကွမ်းကို မြန်မာနိုင်ငံ မန္တလေးတိုင်းအလယ်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် အဓိကထားစိုက်ပျိုးကြပြီး မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ (၂) မျိုးခွဲ စိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမို စိုက်ပျိုးကြပါသည်။ “ကွမ်းစိုက်ဝါဆို၊ ကွမ်းခွ
တောင်လှေကားမြို့တော်၊ပန်းမြို့တော်၊နှင်းမြို့တော်၊မေမြို့၊ပြင်ဦးလွင်ဆိုပြီး အမည်နာမ(၅) မျိုးနှင့်ကျော်ကြားသော တောင်ပေါ်မြို့ပြင်ဦးလွင်သည် လမ်းပန်းဆက်သွယ်ရေးအထူး ကောင်းမွန်ပြီး မြို့နေတောင်သူအများစုမှာ စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေးလုပ်ကိုင်ကြပါသည် ။ စိုက်ပျိုးမှုအနေဖြင့် ရာသီအလိုက်ထွက်ပေါ်သော ပန်းမာလ်များအား အဓိကစိုက်ပျိုးကြပါသည် ။ ပြင်ဦးလွင်မြို့နယ်တွင် ပန်းမာန်စိုက်ဧက(၃၃၀၅)ဧကစိုက်ပျိုးထားပြီး မိုးပန်းစိုက်ဧက(၁၃၇၈)နှင့် ဆောင်းပန်း စိုက်ဧက(၁၉၂၇)စိုက်ပျို
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှုအား ကျောက်ဆည်မြို့နယ်တွင်(၃၁၁၁၈)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၅၀၁၂)ဧက၊ မြစ်သားမြို့နယ် တွင်(၃၁၅၅၆)ဧက၊ တံတားဦးမြို့နယ်တွင်(၁၁၆၀၁)ဧက ၊ စုစုပေါင်း(၈၉၂၈၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် ကုလားပဲများဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ရာ ကျောက်ဆည်မြို့နယ်တွင်(၃၁၁၁၈)ဧက၊ စဉ့်ကိုင်မြို့နယ် တွင်(၆၇၀၀)ဧက၊မြစ်သားမြို့နယ်တွင်(၂၀၆၅၆)ဧက၊တံတားဦးမြို့နယ်တွင်(၉၅၀၀)ဧက၊ စုစုပေါင်း (၆၇၉၇၄)ဧကရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်သည် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုး သည့် ဒေသဖြစ်သည်။ ဒေသအတွင်း ပဲကို အဓိကထား စိုက်ပျိုးသော်လည်း နှမ်း၊ ငရုတ် စသည့် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ပဲပုတ်စိုက်ပျိုးပြီးစီးမှု အခြေအနေမှာ ယနေ့ထိ(၇၇၆၉)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။ မြို့နယ်အလိုက် စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၆၁၂၈) ဧက၊ တောင်သာမြို့နယ်တွင်(၁၄၀)ဧက၊ ငါန်းဇွန်မြို့နယ်တွင်(၁၅၀၁)ဧက စသည်ဖြင့် စိုက်ပျိုးခဲ့ပြီး နွားထိုးကြီးမြို့နယ်တွင် စိုက်ပျိုးမှုမရှိကြောင်း သိရပါသည်။ ပဲပုတ်သီးနှံကို ဩဂုတ် လ၊စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ရိတ်သိမ်းမှုမှာ မတ်လ၊ဧပြီလတို့တွင် ရိတ်