ကုန်သွယ်မှုသတင်းများ
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပဲပုတ်သီးနှံ ယခုနှစ်စိုက်ပျိုး ဧကမှာ( ၁၁၂၃၄) ဧက ရှိပြီးသာယာဝတီခရိုင်အတွင်း စိုက်ဧကစုစုပေါင်း(၁၆၄၅၃) ဧကရှိသဖြင့် မိုးညိုမြို့နယ်သည် ပဲပုတ်အဆုံး စိုက်ပျိုးထားသောမြို့နယ် ဖြစ်သည်။ ယခုနှစ်တွင် ပဲပုတ်ပေါ်စအချိန်မှ လှိုင်လှိုင်ပေါ်ချိန်အထိ ဈေးကောင်းရရှိနေသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဆောင်းသီးနှံနေကြာများအား (၂၀၂၁-၂၀၂၂)ခုနှစ် ဆောင်းသီးနှံနေကြာများကို ကျေးရွာအုပ်စု(၂၃) အုပ်စု၊ ကျေးရွာခွဲ(၂၆) ရွာတွင်တောင်သူ (၁၀၃) ဦးမှ မတ်ပဲစိုက် လယ်မြေများတွင် သီးညှပ်အဖြစ်(၁၃၉)ဧကအား စိုက်ပျိုး ထားရှိပါသည်။ တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ သက်လျင်ဆင်းရွှေကြာ(၂) သဘာဝ ဝတ်မှုန်က
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သောအဖွဲ့သည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးပြီးပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေး အထောက်အကူပြုရန်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ ဈေးနှုန်း၊ဈေးကွက် သုတေသနနှင့် ကုန်စည်စီးဆင်းမှု လေ့လာသုံးသပ်ပြီး၊ သတင်းများ ထုတ်ပြန်၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ မတ်လ (၂၂)ရက်၊ နံနက်(
မကွေးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံသည် ယခင်အပတ်(၁၈.၃.၂၀၂၂)မှ ယခုအပတ် (၂၅.၃.၂၀၂၂) အထိ အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ဈေးနှုန်းများပြောင်းလဲမှုမရှိဘဲ နှမ်းနက်စမုံ(၅၀.၁၂)တန်၊ နှမ်းနက်ရိုးရိုး(၂၀.၈၄)တန်၊ နှမ်းဖြူ(မကွေး)(၄၀.၃၂)တန်၊ နှမ်းနီ(၁၀.၄၃)တန်၊ နှမ်းညိုကြား (၂၀.၂၈)တန် တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ တွင် သင်ဖြူးဖျာများ ရက်လုပ်ခြင်းလုပ်ငန်းကို မိသားစု တနိုင်တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိသည်။