ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Mar 2022

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်သည် ပူပြင်းခြောက်သွေ့သော အညာဒေသ ဖြစ်သည့်အတွက် မတ်လလယ်လောက်မှစ၍ အပူချိန်များ မြင့်တက်လျက်ရှိပါသည်။ အပူချိန်များ မြင့်တက်လာသည်နှင့်အမျှ ကျေးလက်နေဒေသခံများအဖို့ တောင်သူလုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်းကောင်း၊ ခရီးတိုများသွားလာရာတွင်လည်းကောင်း အပူဒဏ်ကာကွယ်ရန်အတွက် ဦးထုပ်၊ ခမောက်များကို အသုံးပြုကြရသည်။

28 Mar 2022

              ယင်းမာပင်ခရိုင်သည် ယာမြေဧကကျယ်ဝန်းပြီး နှစ်စဉ်ပဲမျိုးစုံသီးနှံများကို အဓိကထား စိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ပဲမျိုးစုံစိုက်ဧက(၃) သိန်းကျော်ရှိသည့်အနက် ကုလားပဲသီးနှံမှာ စိုက်ဧက (၁.၃) သိန်းကျော်ရှိသည့်အတွက် စိုက်ဧကအများဆုံးဖြစ်ပြီး ပဲမျိုးစုံ စုစုပေါင်း (၄၃%) ကျော်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားများအရ သိရှိရပါသည်။

28 Mar 2022

          မုံရွာမြို့၏ မန်ကျည်းဈေးကွက်၌ ၂၀၂၂ခုနှစ် မတ်လတတိယပတ်တွင် မန်ကျည်းအဝင်များလာသည့်အတွက် ဈေးမှာအနည်းငယ်ကျဆင်းနေကြောင်း မန်ကျည်းရောင်းချသူ ဈေးဆိုင်များမှ သိရှိရသည်။ မတ်လပထမပတ်က မန်ကျည်းအဟောင်းများသာရှိပြီး ယခုမတ်လ တတိယပတ်တွင် အသစ်များ ဝင်ရောက်လာသည့်အတွက် ဈေးကျဆင်းနေကြောင်း၊ မန်ကျည်းအဟောင်း တစ်ပိဿာ ၄၀၀၀ ကျပ် ဈေးရှိရာမှ အသစ်ဝင်လာချိန်တွင် မန်ကျည်းအဟောင်း တစ်ပိဿာ ၃၅၀၀ ကျပ်၊ အသစ် တစ်ပိဿာ ၃၉၀၀ ကျပ် ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ရမည်းသင်းဒေသမှ မန်ကျည်းအသစ် အဝင်မျ

28 Mar 2022

        စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင်များတွင် မတ်လ စတုတ္တပတ်တွင် စပါး/ဆန်ဈေး အနည်းငယ်မြင့်တက်နေပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ယခင်အပတ်က ရန်ကုန်သို့အိတ်ရေ ၃၀၀၀၀၊ မန္တလေးသို့အိတ်ရေ ၄၀၄၀၀၊ မကွေးသို့အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်) သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊  စုစုပေါင်းအိတ်ရေ (၉၄၄၀၀)အိတ်၊ တန်အားဖြင့် (၄၇၂၀)စီးထွက်ခဲ့ပြီး၊ ယခုအပတ်တွင် စစ်

28 Mar 2022

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ပြည်ပဈေးကွက်ဝယ်လိုအားရှိသော CPပြောင်းဖူး စိုက်ပျိုးသည့် တောင်သူများ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း မုံရွာ မြို့နယ်၊ ဘုမ္မနိုးကျေးရွာအုပ်စုရှိ CPပြောင်းဖူး စိုက်ပျိုးသူ ‌တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

Pages