ကုန်သွယ်မှုသတင်းများ
နိုင်ငံတစ်နိုင်ငံအတွက် သစ်တောသစ်ပင်များတည်ရှိမှုမှာ ထိုနိုင်ငံတွင်နေထိုင်ကြသော နိုင်ငံသူ/ သားများအတွက် အထူးအရေးပါလှပါသည်။ ယခုအခါ ကမ္ဘာကြီးပူနွေးလာမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း အားနည်းလာမှု အစရှိသည့် အကြောင်းများကြောင့် သစ်တောသစ်ပင်များမှာ များစွာပျက်စီးဆုံးရှုံးခြင်းနှင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များတွင် သစ်တော၊ သစ်ပင်များ ထိန်းသိမ်းကာကွယ်သည့် ကဏ္
မုံရွာနယ်တဝိုက်ရှိ မုံရွာ၊ ချောင်းဦး၊ ကနီ၊ ဘုတလင်၊ ဆားလင်းကြီးနှင့် မြောင်မြို့နယ်တို့သည် ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် တည်ရှိပြီး နှစ်စဉ်ပဲမျိုးစုံသီးနှံကို အဓိကထား စိုက်ပျိုးထုတ်လုပ်လျှက်ရှိသည့် ဒေသများဖြစ်ပါသည်။ ပဲမျိုးစုံသီးနှံများအနက် စွန်တာပဲများမှာ ဈေးကွက်ရရှိနေသည့်အတွက် တစ်နှစ်ထက်တစ်နှစ် စိုက်ဧကများ တိုးတက်လျှက်ရှိကြောင်း သိရှိရပါသည်။
မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပေါင်း (၂၀)ကျော်ရာ၊ သံချောင်းလုံးနှင့် ဘိလပ်မြေဈေးကွက်များ အရောင်းအဝယ်သွက်နေကြောင်း သိရရှိသည်။ ယခုမတ်လတတိယပတ်တွင် သံချောင်းလုံး ၃ မူး တစ်တန် ကျပ် ၁၀၆၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၉၆၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၀၆၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ် ၈၃၀၀၊ အပါချီတစ်အိတ်လျှင် ကျပ် ၈၃၀၀၊ Crown တစ်အိတ်လျှင် ကျပ် ၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်း
စစ်ကိုင်းတိုင်းဒေသကြီး၊း( မုံရွာမြို့နယ်) မှ ထွက်ရှိသော ကြက်သွန်နီများသည် ၂၀၂၂ ခုနှစ် ၊မတ်လတတိယပတ်တွင် ပိဿာလျှင် ပွဲရုံဈေးကျပ် ၅၅၀ မှ ၆၀၀ ၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၈၀၀မှ ၉၀၀ နှုန်းဖြင့် ဈေးကောင်းရလျှက်ရှိကြောင်းသိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် ခရိုင်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် (၁/၂၀၂၂) ကြိမ်၊ (၂/၂၀၂၂) ကြိမ် နှင့် (၃/၂၀၂၂)ကြိမ်များကို (၁၇.၁.၂၀၂၂)ရက်နေ့မှစ၍ (၂၆.၂.၂၀၂၂) အထိ စားအုန်းဆီပိဿာစုစုပေါင်း (၁၁၀၀၀၀)၊ တန်အားဖြင့် (၁၁၄) တန်ကို မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပါသည်။