ဗီယက်နမ် ရိုးရာယဉ်ကျေးမှုကို မြှင့်တင်ခြင်းအထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံတွင် ထိုင်း-ဗီယက်နမ်ရိုးရာ အစားအသောက်ရောင်းချသည့် လမ်းဖွင့်လှစ်

Powered by Drupal

   ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၏ အရှေ့မြောက်၇၀၀ ကီလိုမီတာရှိ nakhon phanom အုပ်ချုပ်ခွင့်ရဒေသတွင် ထိုင်း-ဗီယက်နမ် ရိုးရာအစားအသောက်များရောင်းချသည့် လမ်း ဖွင့်ပွဲကို ထိုင်း-ဗီယက်နမ် အသင်း အဖွဲ့များ ၊ ဒေသဆိုင်ရာအာဏာပိုင်များ စုပေါင်း၍  မတ်လ ၂၂ ရက်တွင် ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားကို nakhon phanom ဒေသအာဏာပိုင် Pratya Unphetwarakon, ဗီယက်နမ် ကောင်စစ်ဝန် Khon Kaen Dinh Hoang Linh နှင့်  nakhon phanom ဒေသတွင်နေထိုင်သည့် များစွာသော ဗီယက်နမ် လူမျိုးများတက်ရောက်ခဲ့ကြသည်။

   အခမ်းအနားတွင် Nakhon Phanom  ဒေသအုပ်ချုပ်သူ Pratya Unphetwarakon က  ဗီယက်နမ်ရိုးရာ အစားအသောက်လမ်းဖွင့်ပွဲအကောင်အထည်ဖော်ဖြစ်ပုံနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသတွင်း စီပွားရေးလူမှုရေး ကဏ္ဍများတိုးတက်လာစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ Pratya က ဒေသတွင်းအာဏာပိုင်များအနေဖြင့် ထိုင်း-ဗီယက်နမ်ရိုးရာ အစားအသောက် လမ်းဖွင့်ပွဲ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ခဲ့ပုံနှင့် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်သည့်နေရာတခု ဖြစ်လာနိုင်ကြောင်း ဆက်လက်၍ ပြောကြားခဲ့သည်။

   Nakhon Phanom တွင်  ထိုင်း-ဗီယက်နမ် ရိုးရာအစားအသောက်များအပြင် ဗီယက်နမ် အထိမ်းအမှတ်ဖြစ်သည့် ဟိုချီမင်း အမှတ်တရ နေရာများလည်းရှိပြီး  ဗီယက်နမ်ယဉ်ကျေးမှုများ ၊‌ေဒသအစားစားများကို မိတ်ဆက်မြှင့်တင်ပေးရန် ရည်ရွယ်ပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား  နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်စေရန်လည်း ရည်ရွယ်သည်။

   ဗီယက်နမ်ကောင်စစ်ဝန် Khon Kaen Dinh Hoang Linh က ယခုကဲ့သို ထိုင်း-ဗီယက်နမ်ရိုးရာအစားအသောက်လမ်းဖွင့်လှစ်ခြင်းမှစ၍ ထိုင်း-ဗီယက်နမ်နှစ်နိုင်ငံကြား လူမှုစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုများဖလှယ်နိုင်ခြင်း၊  ရိုးရာယဉ်ကျေးမှုဓလေ့များ၊ နှစ်နိုင်ငံရင်းနှီး ချစ်ကြည်မှုသရုပ်များစသည့် ကောင်းမွန်သောတိုးတက်မှုများ ဖြစ်ပေါ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်းထပ်လောင်းပြောကြားခဲ့သည်။ထို့ပြင် နှစ်နိုင်ငံကြား ယခုကဲ့သို့ ဆောင်ရွက်နိုင်မှုသည် ထိုင်းနှင့်ဗီယက်နမ်ကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးမှုအလေ့အထများ ဘက်စုံတိုးတက်ရန်၊ မြှင့်တင်ရန် အရေးကြီးသော အုတ်မြစ်တစ်ခုလည်း ဖြစ်နိုင်ပါကြောင်း ပြောကြားခဲ့သည်။

   ဗီယက်နမ်သတင်းဌာနများက ထိုင်း-ဗီယက်နမ်အဖွဲ့အစည်းများနှင့် ထိုင်းအာဏာပိုင်များ ကြား ပိုမိုနီးကပ်သော ခြေလှမ်းတရပ်ကို တည်ထောင်နိုင်ခြင်းအတွက် ကြိုဆိုပါကြောင်း အကျယ်တဝင့် ဖော်ပြခဲ့ကြသည်။

   ယခုခြေလှမ်းသစ်သည် ထိုင်းနိုင်ငံအတွင်းရှိ ဗီယက်နမ်ရိုးရာယဉ်ကျေးမှုကို မြှင့်တင်ပေးပြီး အဆိုပါ ထိုင်း-ဗီယက်နမ်ယဉ်ကျေးမှုလမ်းတွင် gio cha (ဗီယက်နမ် susage)၊ ဗီယက်နမ်ဆန်ကိတ်၊ ဗီယက်နမ်အသားချောင်းဆိုင်များ၊ ဗီယက်နမ် ရိုးရာအမဲသားခေါက်ဆွဲပြုတ်ဆိုင်များအပြင်  ရိုးရာအစားသောက်များရောင်းချသည့် ဆိုင်ခန်းပေါင်း၄၀ခန့်ပါရှိသည်။

   ထိုင်းနိုင်ငံ၏ အရှေ့မြောက်ဒေသရှိ ၂၀၁၆ ခုနှစ်ကဖွင့်လှစ်ခဲ့သည့် အဆိုပါ ဟိုချီမင်းအမှတ်တရ နေရာသည် နိုင်ငံတကာဧည့်သည်များ ၊ ဗီယက်နမ်ခရီးသွားများ၊ ထိုင်းနိုင်ငံရှိ ဗီယက်နမ်လူမျိုးများ ကိုအဓိကဆွဲဆောင်သည့်  ဒေသတွင်းအမှတ်တရနှင့် သမိုင်းအမှတ်တရ အထင်ကရနေရာတခုအဖြစ် တည်ရှိနေပြီး တနှစ်လျှင် ကမ္ဘာလှည့်ခရီးသွား တစ်သိန်းကျော်ခန့်လာရောက်ကြသည်။

Sources-Vietnam Times                                                                                                                                                                                      DOCA(မန္တလေး)