
ယခုနှစ် ပထမသုံးလပတ်ကာလတွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်အခွန်ကောက်ခံမှုသည် ၆၀ ရာခိုင်နှုန်း ပီဆို ၄.၂ ဘီလီယံကျော်ခန့် ရုတ်တရက်ထိုးကျသွားကြောင်း အကောက်ခွန်ဗျုရို (BOC) ၏အချက်အလက်များအရ သိရပါသည်။ BOC က အေဂျင်စီသည် ဇန်နဝါရီလမှ မတ်လအတွင်းတွင် တန်ချိန် ၁.၀၂ မီလီယံမက်ထရစ်တန်ချိန် တင်သွင်းသောဆန်များမှ အခွန်များကို ပီဆို ၄.၂၅ ဘီလီယံကောက်ခံခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါအခွန်ကောက် ခံခြင်းသည် ယခင်နှစ်ကာလထက် ပီဆို ၁၁.၄၆ ဘီလီယံအထိ လျော့နည်းခဲ့ကြောင်း သိရပါသည်။ ဆန်တင်သွင်းမှုသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဥ်လျှင် ၁၀.၇၈ ရာခိုင်နှုန်း၊ တန်ချိန်အားဖြင့် ၁.၁၄ မီလီယံခန့် ကျဆင်းနေကြောင်း BOC ၏ အချက်အလက်များအရ သိရပါသည်။ ဆန်အခွန်ကောက်ခံမှုသည် မတ်လတွင် ယခင်နှစ်ထက်ဝက်ခန့် ပီဆို ၁.၅၉ ဘီလီယံခန့် ၅ လဆက်ကျဆင်းခဲ့ကြောင်း သိရပါသည်။ BOC အချက်အလက်များအရ တင်သွင်းမှုပမာလျော့နည်းခြင်းကြောင့် ဆန်အခွန်ကောက်ခံမှုများ ကျဆင်းခဲ့ကြောင်း သိရပါသည်။ BOC အချက်အလက်များအရ တင်သွင်းသောဆန်များ၏ ပျမ်းမျှတန်ဖိုးသည် ယခင်နှစ်ထက် မက်ထရစ်တန်ချိန်တစ်ခုလျှင် ဒေါ်လာ ၅၁၁.၅၃ မှ ဒေါ်လာ ၄၈၂.၈၆ အထိ ၅.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ဆန်စျေးကွက် လှုပ်ရှားမှုများကြောင့် ပျမ်းမျှဆိပ်ကမ်းရောက်ဆန်ကုန်ကျစရိတ်သည် ယခုသုံးလပတ်ကာလတွင် ယခင်နှစ်ထက် တစ်ကီလိုလျှင် ပီဆို ၃၈.၈၄ မှ ပိဆို ၃၂.၃၄ အထိ ၁၆.၇၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ သို့ရာတွင် ငွေကြေးတန်ဖိုးအားနည်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အခွန်ကောက်ခံမှုတွင် ပီဆို ၁၀၀ မီလီယံထပ်ပေါင်းပေးဆောင်ရကြောင်း သိရပါသည်။ ဆန်အခွန်ကောက်ခံမှုသည် ပြည်တွင်းဆန်လုပ်ငန်းများတွင်ယှဥ်ပြိုင်မှုများ နှင့် ထုတ်လုပ်မှုများ တိုးမြင့်စေရန် ရည်ရွယ်သည့် ဆန်လုပ်ငန်းပြိုင်ဆိုင်မှုမြှင့်တင်ရေးရန်ပုံငွေများ လျာထားသဖြင့် ဆန်အခွန်ကောက်ခံမှုသည် ၂၀၁၉ ခုနှစ်မှစ၍ မရှိမဖြစ် အရေးပါလာခဲ့ပါသည်။ ပြင်ဆင်ထားသော ဆန်အခွန် ကောက်ခံခြင်းဥပဒေအရ ၂၀၃၁ အထိ RCEF ပီဆို ၃၀ ဘီလီယံရရှိရန် အာမခံထားကြောင်း သိရပါသည်။ အဆိုပါ ဥပဒေတွင် ဆန်အခွန်ကောက်ခံမှု ကျဆင်းပါက ဗဟိုဘဏ်ခွဲငွေကြေး ပေးအပ်မှုဥပဒေ (GAA) မှ တစ်ဆင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန (DA) ထံမှ အပိုဘတ်ဂျက်ဖြင့် ဖြည့်တင်းပေးရမည်ဖြစ်ကြောင်း ပြဌာန်းထားပါသည်။ စိုက်ပျိုးရေးဌာန အတွင်းရေးမှုး Framcisco Tiu Laurel Jr. က ကမ္ဘာ့ဆန်စျေးကျဆင်းမှု နှင့် အခွန်ကောက်ခံမှု ကျဆင်းခြင်းများသည် RCEF ဘတ်ဂျက်အား ထိခိုက်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့ရာတွင် လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများက ယခုနှစ်ဆန်အခွန်ကောက်ခံမှု ကျဆင်းခြင်းသည် အစိုးရ၏ ဘဏ္ဍာရေးကဏ္ဍတွင် တင်းမာလာစေပြီး နောင်လာမည့် ဆန်စီမံကိန်းများ ရေရှည်တည်တံ့ရန်အတွက် ချေးငွေအပေါ်မှီခိုအားထားမှုများ တိုးမြင့်လာ နိုင်ချေများလာကြောင်း မှတ်ချက်ပြုခဲ့ကြပါသည်။
Source: Philstar
DOCA(ရန်ကုန်)