ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Mar 2022

              ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်၊ ဟင်္သာတမြို့၊ ဟင်္သာတစက်မှုဇုန်ရှိ ဦးလှိုင်စိုး၏ စပါးခွံလောင်စာတောင့်လုပ်ငန်းသို့၊ (၂၃.၃.၂၀၂၂) နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။ စပါးခွံမှ လောင်စာတောင့်ထုတ်လုပ်ခြင်းကို ပြည်တွင်းဖြစ်စက်များဖြင့်ထုတ်လုပ်ခြင်းဖြစ်ပြီး တရက်လျှင် လောင်စာတောင့် တစ်တန်ခွဲမှ နှစ်တန်ကျ စက် (၂၃) လုံးတပ်ဆင်ထားပြီး စပါးခွံလောင်စာ တောင့်များ ထုတ်လုပ်လျက်ရှိပါသည်။

28 Mar 2022

                        ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်မှာ ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလကုန်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မတ်လပိုင်း ဆိုလျှင် သီဟိုဠ်လှိုင်လှိုင်ပေါ်သည့်အချိန် ဖြစ်ကြောင်း ၊ သီဟိုဠ်ရာသီမှာ မိုးမရွာခင်အချိန်အထိ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်၍ မေ၊ဇွန်လများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိလျှင် ရေဝင်ကာ အသီးမှာမဲသွားသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီပြီးဆုံးကြောင်း ဈေးကွက်မှသိရသည်။

28 Mar 2022

               ကယားပြည်နယ်တွင် တည်ဆောက်ရေးလုပ်ငန်း ပြန်လည်စတင်လာကြသဖြင့် ယခုမတ်လ တတိယပတ်အတွင်း ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀)ကျပ်၊ အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၈၂၀၀)ကျပ် နှင့် နဂါးဘိလပ်မြေ တစ်အိတ်လျှင်(၈၂၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် မတ်လ ဒုတိယပတ်အတွင်း ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင်(၇၇၀၀)ကျပ်၊ အာပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၇၈၀၀)ကျပ်နှင့် နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၇၈၀၀)ကျပ် တို့ဖြင့်သာရှိခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ် နှိုုင်းယှဉ်ကြည့်လျှင် ကမ္ဘေ

28 Mar 2022

             ကယားပြည်နယ်သည် အစေ့ထုတ်ပြောင်းကို စီးပွားဖြစ်အဓိကစိုက်ပျိုးသောဒေသ ဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းကို လွိုင်ကော်ခရိုင်တွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အစေ့ထုတ်ပြောင်း(မိုး) စိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက (၅၁,၇၃၈)ဧက၊ ရိတ်ဧက(၅၁,၇၃၈)ဧက၊ တစ်ဧက အထွက်နှုန်းမှာ(၆၄.၇၅)တင်း၊ စုစုပေါင်းထွက်ရှိမှုမှာ(၃,၃၅၀,၀၇၂)တင်းထွက်ရှိပါကြောင်းနှင့် အစေ့ထုတ်ပြောင်း (ဆောင်း)စိုက်ပျိုးမှုမရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အစေ့ထုတ်ပြောင်း(မိုး) စိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက(၅၉

28 Mar 2022

          ချင်းပြည်နယ်သည် ဝေးလံခေါင်သီသော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် ကုန်ပစ္စည်းများ သယ်ယူရေးစရိတ်မြင့်မား၍ အခြားတိုင်းဒေသကြီး/ပြည်နယ်များထက် စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်နေသည်ကို တွေ့ရှိရပါသည်။ လက်ရှိအခြေအနေတွင် စက်သုံးဆီများကို များသောအား ဖြင့် မန္တလေးမြို့မှ လက္ကားဈေးနှုန်းဖြင့် ဝယ်ယူရရှိပြီး ဟားခါးမြို့အတွင်းရှိ စက်သုံးဆီ ဈေးနှုန်း မြင့်တက်/ကျဆင်းခြင်းသည် မန္တလေးမြို့၏ စက်သုံးဆီဈေးနှုန်းမြင့်တက်/ကျဆင်းခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပါကြောင်း စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးထံမှ စုံစမ်းသိ

Pages