ထင်ပေါ်ကျော်ကြား ဒေသထွက် ငါးပိ၊ ငါးခြောက်များ

Powered by Drupal

    မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်သော မြိတ်ခရိုင်သည် ရေပတ်လည်ဝိုင်းနေသောဒေသဖြစ်ပြီး ပင်လယ်ထွက်ကုန်ပစ္စည်းများဖြင့် ကျော်ကြားသောဒေသလည်းဖြစ်သည်။ မုန့်ကောင်၊ ကင်းမွန်၊ ပုဇွန်၊ ငါးမျိုးစုံစသောဒေသထွက်ကုန်ပစ္စည်းများထဲမှ ပင်လယ်ထွက်ကုန်များဖြင့်ပြုလုပ်ထားသော ဒေသထွက် ငါးပိ၊ ငါးခြောက်များမှာ ထင်ပေါ်ကျော်ကြား လျက်ရှိသည်။ ငါးပိတွင် ပုဇွန်သေးသေးလေးများ(ဂွေး ကောင်)ဖြင့်ပြုလုပ်ထားသော မျှင်ငါးပိ(ဒေသအခေါ်‌ဂွေးငါးပိ)သည် အကောင်းဆုံးဖြစ်ပြီး ငါးခြောက်တွင် ဘဲလိပ်ခြောက်သည် အရသာအရှိဆုံးဖြစ်သည်။ မျှင်ငါးပိ (ဒေသအခေါ်‌ဂွေးငါးပိ)သည် အခြားငါးပိများနှင့် အရောင်မတူဘဲ သဘာဝပန်းရောင်ဖျော့‌ဖျော့သန်း နေလျက်ရှိသည်။

    ဒေသထွက် ငါးပိများတွင် စိမ်းစား ငါးပိ၊ မျှင်ငါးပိ၊ ဓမင်းငါးပိ၊ ရေကျိုငါးပိဟူ၍အမျိုးမျိုး ရှိသည်။ ပုံမှန်အားဖြင့် မြိတ်မြို့တွင် ငါးပိတစ်ပိဿာစျေးနှုန်းသည် ၈၀၀၀ကျပ် ခန့်ဖြစ်ပေါ်နေပြီး မျှင်ငါးပိသည် ၁၀၀၀၀ကျပ် ခန့်အနည်းဆုံးစျေး‌ပေါက်လျက်ရှိသည်။ ငါးခြောက်တွင် အူညင်းခြောက်၊ ဇလုံးခြောက်၊ ငါးပုတ်ခြောက်၊ ဘဲလိပ်ခြောက်၊ ငါးကွန်းရှပ်ခြောက်၊ ငါးဝိုင်းခြောက်(လိပ်ကျောက်စ မတ်)ဟူ၍ အမျိုးမျိုးရှိသည်။ ငါးခြောက်စျေးနှုန်းသည် တစ်ပိဿာလျှင် အနည်းဆုံး ၅၀၀၀၀ကျပ်မှစ၍ တစ်သိန်း ကျော် အထိစျေးပေါက်လျက်ရှိသည်။ မြိတ်မြို့အတွင်း ဘဲလိပ်ခြောက်စျေးနှုန်းသည် တစ်ပိဿာလျှင် ၆၀၀၀၀ကျပ်ခန့်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)