တောင်ပိုင်းဒေသထွက်ကုန် ရာသီပေါ်ဒူရင်းသီးနှင့် စျေးနှုန်းစျေးကွက်

Powered by Drupal

 ဒူးရင်းသီးသည် တောင်ပိုင်းဒေသဖြစ်သော တနင်္သာရီတိုင်းဒေသကြီးတွင် အများဆုံးဖြစ် ထွန်းပြီး တစ်နှစ်လျှင် တစ်ကြိမ် သီးသောအမျိုးဖြစ်သည်။ ကောင်းမွန်သော အရသာနှင့်အတူ ရာသီချိန်တွင်စျေးကောင်းရရှိသောအသီးဖြစ်ပြီး အများအားဖြင့် လူကြိုက်များသော အသီး တစ်မျိုးလို့လည်းဆိုရမှာ ဖြစ်ပါသည်။ ရန်ကုန်နှင့် အခြားတိုင်းများသို့တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချလျက်ရှိသောအသီးတစ်မျိုးလည်းဖြစ်လျက်ရှိပါသည်။

 ဒူးရင်းသီးရာသီစတင်ချိန်တွင်  အသီးများစျေးကောင်းရလျက်ရှိပြီး အလုံးငယ်တစ်လုံးလျှင် ၁၀၀၀၀ ကျပ်ခန့်ရရှိကြောင်းသိရှိရပါသည်။ အရွယ်အစားပေါ်မူတည်ပြီး စျေးကွဲပြားသလို အလုံးကြီးလျှင်ကြီးသလောက်စျေးကောင်းရရှိလျက်ရှိပါသည်။ ဒူးရင်းသီးတွင် မော့တောင်သီး (ထိုင်မျိုးစပ်)နှင့် ဒေသထွက်အသီးများရှိပြီး  မော့တောင်သီးမှာ စျေးပိုမိုရရှိလျက်ရှိသည်။ အနည်း ဆုံးတစ်လုံး ၃၀၀၀၀ကျပ်နှင့် အထက်ရှိပြီး ရာသီပေါ်ဒေသသီးမှာ တစ်လုံးလျှင် ၁၀၀၀၀ ကျပ် နှင့်အထက်ရရှိလျက်ရှိပါသည်။ မတ်လတွင် စတင်အသီးဖြစ်ထွန်းပြီး ဧပြီလ၊ နောက်ပိုင်း မေလများတွင် အသီးများကာ စျေးကျဆင်းလာကြောင်းသိရှိရပါသည်။

 ဒူးရင်းသီးသည် ပူးနွေးစွတ်စိုသောဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းပြီး မြေသြဇာကောင်းမွန်သောမည်သည့်မြေပြန်ဒေသများတွင်မဆို စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ အပူစာဖြစ်သော ကြောင့် မင်းဂွတ်သီး၊ နာနတ်သီးများ စားသုံးခြင်းဖြင့် ဝမ်းတွင်းအေးစေရန် ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။ ဒူးရင်းသီးထွက်ရှိချိန်နှင့် မင်းဂွတ်သီး ထွက်ရှိချိန်တွင် မင်းဂွတ်သီး ထွက်ရှိချိန် အနည်းငယ်နောက်ကျသော်လည်း တွဲဖက် အစားအစာလိုဆိုရလောက်အောင် ရာသီပေါ်ချိန်တွင် နာမည်ကြီးလျက်ရှိပါသည်။

 ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့စျေးနှုန်းအရ မြိတ်ဒေသဒူးရင်းသီးစျေးနှုန်းမှာ အလုံးငယ် တစ်လုံးလျှင် ၈၀၀၀ ကျပ်ခန့်ရှိပြီ အလတ်တစ်လုံးလျှင် ၁၅၀၀၀ကျပ်၊ အကြီးတစ်လုံးလျှင် ၃၀၀၀၀ကျပ် ခန့်ရှိကြောင်း ဒူးရင်းသီးရောင်းချသူထံမှ သိရှိရပါသည်။ မော့တောင်သီးမှာမူ တစ်လုံး လျှင် ၃၀၀၀၀ ကျပ် မှ  ၆၀၀၀၀ကျပ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)