ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Aug 2023

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊  ဧရာမင်း (ဆန်) တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်မှ ၁၁၆၀၀၀ကျပ်အထိ၊ ဧည့်မထဆန် (သစ်) တစ်အိတ်လျှင် ၈၅၀၀၀ကျပ်မှ ၈၆၀၀၀ကျပ်အထိ၊ ပဲဆီတစ်ပိဿာလျှင် (၁၃၄၅၀-၁၃၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၈၄၀၀ကျပ်မှ ၈၅၀၀ကျပ်အထိ၊ ဆားတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်အထိ၊ က

15 Aug 2023

   အောင်လံကုန်စည်ဒိုင်တွင်နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂-၈-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၈-၈-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၃၀၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)မြင့်တက်ခဲ့ပြီး (၃၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

15 Aug 2023

    မကွေးမြို့၊ မြို့မဈေး၌ မကွေးမြို့ပေါ်ရှိ ဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာတို့မှ လာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

15 Aug 2023

   ဆိပ်ဖြူမြို့ ကြက်သွန်နီများ  ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)အတွင်း ကုန်စည်ဒိုင်ပွဲရုံများသို့ တစ်ရက်လျှင် ပိဿာ(၃)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခန့်၊ (၁)ပတ်အတွင်း ကုန်စည်စီးဆင်းမှုပိဿာ (၃)သိန်းခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

15 Aug 2023

     မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

Pages