ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Aug 2023

  ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မဈေးအတွင်း၌ရောင်းချနေသေ ာစားသုံးဆီများအား စားသုံးသူများဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး စည်ပင်သာယာရေး အဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

14 Aug 2023

 စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) နှင့် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရေ

14 Aug 2023

  ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)၊ စံပြရေပေါ်ဈေးတွင်ရောင်းချနေသည့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ဧည့်မထ (ဆန်) တစ်ပြည်လျှင် (၂၇၀၀)ကျပ်၊ (၂၄) ပြည်ပါ တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ပေါ်ဆန်း (ဆန်) တစ်ပြည်လျှင် (၄၁၀၀) ကျပ်၊ (၂၄)ပြည်ပါ တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ (၂၄) ပြည်ပါ တစ်အိတ်လျှင် (၄၇၅၀၀)ကျပ်တို့ဖြစ်၍ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။                                                            

14 Aug 2023

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် 92 RON တစ်လီတာလျှင် ၂၂၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၆၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၈၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၆၀ကျပ်တို့ရှိပါသည်။

    ယခုအပတ်တွင် တောင်ငူမြို့၊ “ဖြိုးဝေကျော်” စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၂၃၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၁၅ကျပ်တို့ရှိပါသည်။

14 Aug 2023

    တောင်ငူခရိုင်၊ ဖြူးမြို့၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ လကုန်ပိုင်းအချိန်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၁၂၀၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ဧည့်မထ(မိုး)ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန်တစ်အိတ်လျှင် ၆၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

Pages