ပေါ်ဦးပေါ်ဖျား ပိန္နဲသီးမှည့်‌ဈေးကွက်

Powered by Drupal

            ယခုရာသီသည် မန္တလေးဈေးကွက်အတွင်းသို့ ပေါ်ဦးပေါ်ဖျား ပိန္နဲသီးမှည့်‌များ မေလဆန်းပိုင်း မှစ၍ ဝင်ရောက်လျက် ရှိပါသည်။  ပိန္နဲပင်သည် တစ်ခါစိုက်ထားလျှင် တစ်သက်စားမကုန်သော အပင်ကြီးမျိုးဖြစ်ပါသည်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ အရွယ်ငယ်ငယ်နှင့်သီးသော အပင်ပု မျိုးများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ပိန္နဲပင်ကို အိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် စိုက်ပျိုး လေ့ရှိပါသည်။ မတ္တရာ၊ မိုးကုတ်၊ ပြင်ဦးလွင်နှင့် ကျောက်ဆည် ဒေသတို့တွင် အများဆုံးစိုက်ပျိုး ကြကြောင်းလည်း သိရှိရသည်။ ပိန္နဲသီးအကြွပ်သီးမျိုးနှင့် အပျော့သီးမျိုးဟူ၍ နှစ်မျိုးရှိသည့်အပြင် ယိုးဒယားပိန္နဲသီးမျိုးများ လည်းရှိသည်။ ပိန္နဲသီးမှည့်ကို အချိုတည်းစရာသစ်သီးအဖြစ် စားလေ့ရှိ ကြသည်။ ကိုယ်ခံအားကို ကောင်းစေပြီး အသားအရေကို စိုပြည်ဝင်းပစေနိုင်ပါသည်။ ပိုတက်စီယမ် ဓါတ်လည်း ကြွယ်ဝသောကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေကာ ရုတ်တရက်သွေးတက်ခြင်း၊ ကျခြင်းတို့ဖြစ်ပွားနိုင်မှုကို လျော့နည်းစေကာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကင်းဝေးပြီး အူလမ်းကြောင်း ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ မန္တလေးဈေးကွက်အတွင်းသို့ ပေါ်ဦး ပေါ်ဖျား ပိန္နဲသီးမှည့်များ ဝင်ရောက်လျှက်ရှိပြီး သရက်သီး၊ မင်းဂွတ်သီး၊ နာနတ်သီးများနှင့်အတူ စတင်ဝင်ရောက်လျှက်ရှိပါသည်။ ဈေးကွက်အတွင်း၌ ပိန္နဲသီးတစ်လုံးလျှင်(၇၀၀၀/၈၀၀၀)ကျပ်နှင့် တစ်မွှာလျှင်(၁၀၀/၂၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)