ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ယခုအပတ်တွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ စားအုန်းဆီမှာ တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ကြက်သွန်နီအသေးမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အလတ်ရောတစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၂၆၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၂၆၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

လူသားတို့သည် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ် ချက်ပြုတ်စားသောက်ကြရပါသည်။ ယခင်အခါများတွင် ထင်းမီးဖို၊ မီးသွေးမီးဖိုများဖြင့် ချက်ပြုတ်ရာတွင် မီးခိုးမွှန်ခြင်း၊ အိုးခွက်များညစ်ပေခြင်းများဖြစ်ရပါသည်။ ယခုအခါတွင် မြို့ကြီးများ၌သာမက ကျေးလက်တောရွာများ၌ပါ လျှပ်စစ်မီးများရရှိနေပြီဖြစ်သဖြင့် လျှပ်စစ်မီးဖြင့် အိုးခွက်ပန်းကန်များလည်းညစ်ပေမှုနည်းပါးပြီး သက်တောင့်သက်သာစွာချက်ပြုတ်နိုင်ကြပါသည်။

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ မတ်ပဲဈေးနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ နောက်ဆုံးအပတ်မှစတင်၍ ဈေးနှုန်းများမြင့်တက်လာလျက်ရှိပါသည်။ ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် ပိဿာ ၂၀ဝင် တစ်တင်းလျှင် ၇၆၀၀၀/ကျပ်နှင့် ဩဂုတ်လ၊ ပထမအပတ်တွင် ၇၇၃၀၀/ကျပ်အထိမြင့်တက်လျက်ရှိရာ ယခုဩဂုတ်လ၊ ဒုတိယအပတ်တွင်မူ ပိဿာ ၂၀ဝင် တစ်တင်းလျှင် ၇၆၅၀၀ကျပ်ဖြစ်၍ အနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။ စီးထွက်မှုအနေဖြင့် ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် ရန်ကုန်သို့ မတ်ပဲ (၉၁၉၀၀) အိတ်ခန့်အထိပို့ဆောင်န

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် နေ့စဉ် နံနက် (၇: ၀၀) နာရီအချိန်မှ နံနက် (၁၁:၀၀) နာရီအချိန်ထိ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှု၊ သာယာဝတီမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က စီစဉ်ကြီးကြပ်၍ အခြေခံလူတန်းစားပြည်သူများအတွက် သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်များကို ဩဂုတ်လ၊ ဒုတိယအပတ်ထိ နေ့စဉ် ရောင်းချပေးလျက်ရှိပါသည်။
