ကုန်သွယ်မှုသတင်းများ
ကမ္ဘာ့စားအုန်းဆီ ကုန်သွယ်မှုကဏ္ဍတွင် ၈၅ ရာခိုင်နှုန်းခန့် ပါဝင်ထားသည့် အင်ဒိုနီးရှား နှင့် မလေးရှားတို့က ဥရောပသမဂ္ဂ (အီးယူ) မှသတ်မှတ်ပြဋ္ဌာန်းသည့် သစ်တောပြုန်းတီးမှု ကာကွယ် ရေးစည်းမျဉ်း (EUDR) နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်သောကိစ္စရပ်များအတွက် လုပ်ငန်းအဖွဲ့ (Task Force) ကို ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူညီမှုရှိထားပြီးဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးရာ ပေါင်းစပ်ဆောင်ရွက်ရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ပြောကြားပါသည်။

မလေးရှားနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်၊ မေလတွင် ၂၄၁၂၆ တန်ရှိရာမှ ဇွန်လတွင် ၂၉၈၆၇ တန်ဖြင့် ၂၃.၈% ထုတ်လုပ်မှုတိုးတက်လာကြောင်း အစိုးရ၏ တရားဝင်အချက်အလက်များက ဩဂုတ်လ ၈ ရက် အင်္ဂါနေ့တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီများ ဈေးကွက်သို့ဝင်ရောက်မှုမှာ လစဉ်အလိုက်၊ နှစ်စဉ်အလိုက် စံချိန်တင်ကုန်အဝင်များ ရှိခဲ့သော်လည်း ဈေးနှုန်းများသည် ယခင်လထက် ၂၈% မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလမှစတင်သည့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ကော်ဖီသီးနှံရာသီတွင် ရာသီဥတု အပြောင်းအလဲ မြန်ဆန်မှုကြောင့် အာရေးဘီကာဒေသထွက်ကော်ဖီကို စောစီးစွာ ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကော်ဖီစိုက်ပျိုးသူများက ပြောကြားခဲ့ကြပါသည်။ ၂ဝ၂၃ ခုနှစ်တွင် ကော်ဖီ စိုက်ပျိုးသည့်ဒေသများ၌ ကာလရှည်ကြာစွာ ခြောက်သွေ့မှုများဖြစ်ပေါ်ခဲ့သဖြင့် ကော်ဖီစေ့များကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ မုတ်သုံဝင်ရောက်မှုနောက်ကျပြီး ဇွန်လအတွင်း မိုးရေမရရှိမှုကြောင့် အာရေးဘီကာ ကော်ဖီမျိုးများမှာ ဆော

ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံရှိ အချို့သောသကြားတင်ပို့သည့်ကုမ္ပဏီများမှ တင်သွင်းသော သကြားများအပေါ် စုပုံတင်သွင်းမှုအခွန် (anti-dumping duty) ကို ၂၅.၇၃% မှ ၃၂.၇၅% အထိ ၁၈-၈-၂ဝ၂၃ နေ့မှ ၁၅-၆-၂ဝ၂၆ နေ့အထိ ကောက်ခံမည်ဖြစ်ကြောင်း ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာနက ၈-၈-၂၀၂၃ နေ့၌ ပြောကြားခဲ့ပါသည်။
