ကန်စွန်းရွက်နှင့်ကန်စွန်းရွက်စျေးကွက်

Powered by Drupal

     ကန်စွန်းရွက်ဟုဆိုရာတွင် လူအများသိရှိပြီးသားအရွက်ဖြစ်ပါသည်။ ကန်စွန်းရွက်ကို မိသားစုတစ်ပိုင်တစ်နိုင်စားသုံးရန်နှင့် ရပ်ကွက်စျေးများသို့ရောင်းချရန် စိုက်ပျိုးကြပါသည်။ ကန်စွန်း ရွက်သည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့်အပြင် အဆိပ်အတောက်များကိုပြေစေနိုင်ပြီး ကျန်းမာရေးနှင့်လည်းညီညွတ်ပါသည်။ ကန်စွန်းရွက်ကို ကြော်စားခြင်း၊ ချဉ်ဟင်းချက်စားရာတွင် ထည့်ချက်ခြင်း၊ သုပ်စားခြင်း၊ တို့စရာအဖြစ်စားသုံးခြင်းဖြင့် အမျိုးမျိုးပြုလုပ်၍ စားသောက် နိုင်ကြပါသည်။ မတ်လဆန်းပိုင်းစျေးကွက်တွင် ရောင်းချသော ကန်စွန်းရွက်စျေးနှုန်းများမှာ တစ်စည်းလျှင် (၂၀၀-၃၀၀)ကျပ်ခန့် ရောင်းဝယ်လျက်ရှိပါသည်။ ယခု ဧပြီလတွင် စျေးကွက်အတွင်း ရောင်းချသော ကန်စွန်းရွက်စျေးနှုန်းများမှာ (၃၀၀-၄၀၀)ကျပ်ခန့် ရောင်းချလျက်ရှိပြီး စျေးနှုန်းအနေ ဖြင့် တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)