နတ်တလင်းဒေသထွက် ကြက်သွန်နီ

Powered by Drupal

     ကြက်သွန်နီကို မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ကြက်သွန်နီပင်တွင် ကြက်သွန်မင်းနှုန်းနှင့် ကြက်သွန်ဥကြီးဟူ၍ နှစ်မျိုးရှိပါသည်။ ကြက်သွန်ဥကြီးပင်တွင် တွန်တာနီ အရောင်နှင့် ရွှေဖလားအရောင်ဟူ၍လည်း ကွဲပြားပါသည်။ ကြက်သွန်နီပင်ကို နေရာတိုင်းတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ကြက်သွန်နီပင်ကိုမျိုးစေ့ပျိုးချပြီးချိန်မှ  အပင်ဖြစ်သည်အထိ (၁)လခန့် ကြာမြင့်သည်။ ခြံထဲတွင်အပင်အဖြစ်မှ ဥဆင်းချိန်ထိ(၂)လခွဲခန့် ကြာမြင့်ပါသည်။ ကြက်သွန်နီကို အသုတ်သုတ်ရာတွင်လည်းကောင်း၊ ဟင်းချက်ရာတွင်လည်းကောင်း အသုံးပြုလေ့ရှိကြသည်။ နတ္တ လင်းမြို့နယ်ရှိ ခြံရွာများတွင် မြေအသုံးအနှုန်းမှာ ၁ဧကလျှင် (၄.၅)ကျိုးရှိပြီး ခြံကွက်(၁)ကျိုးကွက် စိုက်ပျိုးရာတွင် အရင်းအနှီးကုန်ကျငွေမှာ (၁၅)သိန်းကျပ်ကုန်ကျပါသည်။ ယခုနှစ်ကြက်သွန် ပေါ်ချိန်တွင်  စျေးနှုန်းမှာတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချရပါသည်။ (၁)ကျိုးစိုက်ပျိုးလျှင် အရင်းနှုတ်ပြီးအမြတ်ငွေမှာ(၁၀)သိန်းကျပ် ရရှိပါသည်။  သို့ဖြစ်ပါ၍ ကြက်သွန်နီပင်စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိသောကြောင့် တောင်သူများစိုက်ပျိုးရန် သင့်တော်သော အပင်တစ်မျိုး ဖြစ်ပါသည်။ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီပင်များကို နတ်တလင်းမြို့အနီးအနားရှိ ကျေးရွာများမှ စျေးကွက်သို့ လက်လီ/လက်ကားရောင်းချလျက်ရှိပြီး ရန်ကုန်ကုန်စည်ဒိုင်များသို့လည်း တင်ပို့ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

  DOCA(ပဲခူး)