ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ငရုပ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်အတွင်း မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၅၅၀၀)၊ ဧည့်မထ(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၆၉၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ကျပ် (၂၆၀၀) ၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ ဆား တစ်ပိဿာလျှင် ကျပ် (၈၀၀)၊
တောင်ငူမြို့၌ ရွှေဘိုပေါ်ဆန်းမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၀၈၀၀၀ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်၊ ဧည့်မထ (မိုးဆန်) မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၇၉၀၀၀ကျပ်၊ ဧည့်မထ (နွေဆန်) မှာ ယခင်အပတ်တွင် ၅၈၀၀၀ကျပ်ရှိခဲ့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဩဂုတ်လ၊ ပထမအပတ်တွင် 92 RON တစ်လီတာလျှင် ၂၂၄၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၅၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၃၅ကျပ်တို့ရှိပါသည်။
ယခုအပတ်တွင် တောင်ငူမြို့၊ “ဖြိုးဝေကျော်” စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၂၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၆၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၈၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၆၀ကျပ်တို့ရှိပါသည်။

မြန်မာ့ရိုးရာအစားအစာများထဲတွင် ဘိန်းမုန့်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဘိန်းမုန့်ကို နံနက်ခင်းဈေးများတွင် အများဆုံးတွေ့ရပါသည်။
