ကုန်သွယ်မှုသတင်းများ
ယခုအချိန်သည် ဒူးရင်းသီးများလှိုင်လှိုင်ပေါ်နေသည့်အချိန်ဖြစ်ပါသည်။ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်သို့ဝင်ရောက်လာသော ဒူးရင်းသီးများမှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ဒေသမှ အများဆုံးဖြစ်ပါသည်။
သပြေညွန့်ဒူးရင်းသီးများမှာ စားဖူးသူတိုင်း စွဲလမ်းနှစ်သက်ကြပါသည်။ သပြေညွန့် ဒူးရင်းသီးမှာ အစေ့သေးပြီး အသားထူသဖြင့် နာမည်ကြီးပါသည်။ ၎င်းဒူးရင်းသီးများကို ကားဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း ထန်းတပင်မြို့သို့သယ်ယူကြပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိ စားသုံးသူပြည်သူများသို့အများစားသုံးသော ဆန်များအားစျေးကွက်ပေါက်စျေး အောက်သင့်တင့်မျှတသော စျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် (၃.၈.၂၀၂၃) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)၌ မကွေးမြို့နယ်ရ

တောင်ငူခရိုင်၊ ဖြူးမြို့၊ သပြေလှကျေးရွာရှိ ဦးချစ်ဖြိုးဝင်းပိုင်၏ ဝါးဆိုင်တွင် ဝါးအမျိုးအစား စုံလင်စွာရောင်းချပေးလျက်ရှိပါသည်။ ထို့ပြင် ဝါးနှင့်ဆက်စပ်ပစ္စည်းများဖြစ်သည့် ဝါးထရံ၊ ဝါး ကုလားထိုင်များနှင့် ဝါးနှီးများကိုလည်းရောင်းချပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။

တောင်ငူမြို့၊ ကန်လမ်းရှိ 555 စီပီကြက်အစာနှင့် ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့တွင် ကြက်ဥတစ်လုံးလျှင် အကြီးအသေးအလိုက် အသေးတစ်လုံးလျှင် ၂၄၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၂၇၀ကျပ်ဈေးနှုန်းတို့ရှိခဲ့ပါသည်။
ယခင်တွင် ကြက်ဥတစ်လုံးလျှင် ၂၄၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လကုန်နှင့် ဩဂုတ်လအစတွင် ၂၇၅ ကျပ်အထိဈေးနှုန်းမြင့်တက်သွားခဲ့ပြီး ၂၇၀ကျပ်တန်ကြက်ဥတစ်လုံးလျှင် ၃၀၀ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်သွားခဲ့ပါသည်။
