
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင် ကျောက်ဖ ရုံပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ကျောက်ဖရုံပင်စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံး စိုက်ပျိုးကြောင်း ကျောက်ဖရုံပင် စိုက်ပျိုးသူ ဦးမောင်ဝင်း၏ ပြောပြချက်အရ သိရသည်။
ကျောက်ဖရုံပင်သည် မျိုးစေ့ချပြီး (၄)လခန့်အကြာတွင် စတင်၍ခူးဆွတ်နိုင်ကြောင်း၊ ကျောက်ဖရုံသီးသည် တာရှည်အထားခံသည့်အပြင် ဆေးအသုံးဝင်သည့်အတွက် အိမ်များတွင် ဆောင်ထားလေ့ရှိကြောင်း၊ အပင်အမျိုးအစားနှင့် ပြုစုခြင်းပေါ်မူတည်၍ အသီးထွက်နှုန်းကွာခြား လေ့ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက် ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း အလုံးကြီးတစ်လုံးလျှင် ၄၅၀၀ကျပ်၊ အလုံးသေး တစ်လုံးလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ ကြောင်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)