
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီး ပင်များစိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းသီပင်ကို စတင်စိုက်ပျိုး မည်ဆိုလျှင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလ တွင်စိုက်ပျိုးရကြောင်း၊ ခရမ်းမျိုးမှာ အရှည်မျိုး ဆင်စွယ်ခရမ်းနှင့် အလုံးမျိုး ထောပတ်ခရမ်းတို့ကို စိုက်ပျိုးထားကြောင်း၊ ခရမ်းသီးပင် သည်စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးကို စတင်ခူးဆွတ်ရောင်းချရပြီး တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရကြောင်း၊ ၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ်(၁၈၀၀)နှုန်းနှင့် လက်လီဈေး(၂၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း ခရမ်းစိုက်တောင်သူ၏ ဦးဝင်းအောင်၏ ပြောပြချက်အရ သိရသည်။
DOCA(စစ်ကိုင်း)