ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းတောင်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် သီးနှံစုပေါင်းရောင်းချပွဲသို့ ဈေးနှုန်းဈေးကွက်အခြေအနေသိရှိရန် (၂၇.၇.၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် စလင်းမြို့၊ ရွှေမန်းကဇာတ်ရုံရှိ ရောင်းဝယ်ရေးစင်တာသို့ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဆန်းလင်းမောင်နှင့်ဝန်ထမ်းများ သွားရောက်လေ့လာခဲ့ပါသည်။

ရွှေမြန်မာတို့၏ ပရဆေးကုန်ကြမ်းများကို တောင်ကိုရီးယားနိုင်ငံကဝယ်ယူနေကြောင်း သတင်းကောင်းကြားသိရပါသည်။ တောင်ကိုရီးယားနိုင်ငံကဝယ်ယူသည့် ပရဆေးအမယ်သစ်များမှာ ချဉ်ပေါင်ဖာလာ၊ ဆပ်သွားသီး၊ ရှည့်မတက်ဥ၊ ဆင်တုံးမနွယ်၊ ဆီမီးတိုင်၊ ဝံအူမြစ်၊ ကန့်ဂလူ၊ မိုးမျှော်ဥ၊ မကပ်သီး၊ စမုံညို၊ တောထန်းမြစ်နှင့် ကြောင်လျှာစေ့တို့ဖြစ်ပါသည်။ တောင်ငူမြို့ရှိ Myanmar Green Farm Co.,Ltd သည် ပရဆေးကုန်ကြမ်း ရှည့်မတက်ဥများကိုဝယ်ယူနေပါသည်။

၂၀၂၃ခုနှစ်ဇူလိုင်လ(စတုတ္တပတ်)တွင် မင်းဘူးမြို့မဈေးအတွင်းရောင်းချလျှက်ရှိသော အခြေခံစားကုန်ဖြစ်သည့် ဧရာပဒေသာဆန်(၁)အိတ်လျှင်ကျပ်(၉၀၀၀၀-၁၀၀၀၀၀)၊ မနောသုခဆန်(၁)အိတ်လျှင်ကျပ် (၇၅၀၀၀ -၈၀၀၀၀)ဖြစ်ပြီး ဩဂုတ်လ(ပထမပတ်)တွင် ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀-၁၂၀၀၀၀)ဖြစ်၍ ဧရာပဒေသာဆန်မှာယခုအပတ်တွင် ဈေးအနည်းငယ်တက်နေကြောင်း၊ မနောသုခဆန်(၁)အိတ်လျှင်ကျပ် (၇၅၀၀၀-၈၀၀၀၀)ဖြစ်၍ ယခုအပတ်တွင် ဈေးငြိမ်နေကြောင်း ရောင်းချနေသော ဆန်ဈေးသည်ထံမှသိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ကြက်သွန်နီကုန်စည်ဒိုင်၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လအစောပိုင်းတွင် ကြက်သွန်နီ ဈေးနှုန်းကျဆင်းရာမှ ဇူလိုင်(စတုတ္ထပတ်)တွင် ဈေးနှုန်းပြန်လည် မြင့်တက်လာကြောင်းသိရှိရသည်။ဈေးကွက်အနေဖြင့် ဇူလိုင်(ပထမ)ပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၉၅၀)မှ အနိမ့်ဈေး ကျပ်(၁၆၅၀)၊ ဇူလိုင်(ဒုတိယ)ပတ်တွင် အမြင့်ဈေး ကျပ်(၁၈၅၀)မှ အနိမ့်ဈေး ကျပ်(၁၆၅၀)၊ ဇူလိုင်(တတိယ)ပတ်တွင် အမြင့်ဈေး ကျပ်(၁၈၅၀)မှ အနိမ့်ဈေး ကျပ်(၁၇၂၅)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဇူလ
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။