ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်ဖြူဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကြက်သွန်ဖြူ ရှမ်းဥအလုံးကြီး တစ်ပိဿာလျှင် (၁၅၀၀၀မှ ၁၈၀၀၀ကျပ်)၊ ဗမာဖြူတစ်ပိဿာလျှင် ၁၂၀၀၀ကျပ် ဖြင့် ရောင်းချကြောင်း၊ ကြက်သွန်ဖြူအသုံးများသည့်အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)