
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် စားဖို ဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားကျေးရွာများတွင် မိသားစု စားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများကို စိုက်ပျိုးကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၁၈၀၀)ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီဈေး တည်ငြိမ်လျက်ရှိကြောင်း ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA (စစ်ကိုင်း)