ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် စပါး ဈေးနှုန်းများတည်ငြိမ်နေပြီး ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၈၈၅၀၀၊ တန်အားဖြင့် ၄၄၂၅တန် စီးထွက်ခဲ့ ပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေဈေးနှုန်းနှင့် ဓါတ်မြေဩဇာ ဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နေ့စဉ်ဈေးနှုန်းကောက်ယူလျက်ရှိပြီး ထိုသို့ ကောက်ယူရာတွင် ဘိလပ်မြေဈေးနှုန်းအား အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်းရှိ Pro-1 အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် စုံစမ်းကောက်ယူ၍ ဓါတ်မြေဩဇာဈေးနှုန်းကို တိုက်ကြီးမြို့နယ်၊ တစ်သုံးလုံးစိုက်ပျိုးရေးအရောင်းဆိုင်တွင် စုံစမ်းမေးမြန်းခဲ့ရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ရေအလွယ်တကူရရှိသော ချောင်းကမ်းနားနှင့်နီးစပ်သည့် ကျေးရွာများတွင် ပန်းဂေါ်ဖီများ စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု ၊ အနောက်ချောင်းနားကျေးရွာတွင် စိုက်ပျိုးနေသော ဂေါ်ဖီစိုက် တောင်သူတစ်ဦးအား (၂၄.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်နှင့် ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦးတို့မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်အတွင်းရှိ စက်သုံးဆီရောင်းချသည့်ဆိုင်များအား နေ့စဉ်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရာတွင် (၁၅.၁.၂၀၂၂ မှ ၁၇.၁.၂၀၂၂ ထိ) စက်သုံးဆီပုံမှန်ဈေးနှုန်းများမှာ ဓါတ်ဆီ (95) တစ်လီတာ (၁၅၅၅) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာ (၁၅၂၅) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (၁၅၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ (၁၅၅၀) ကျပ်ဖြင့်လည်းကောင်း၊ အထူးဈေးနှုန်းအနေဖြင့် ဓါတ်ဆီ (92) တစ်လီတာ (၁၄၁၂) ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ (၁၃၉၅) ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၄၂၀)

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့သည် ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး တောင်တွင်းကြီးမြို့၊ ဆင်ပေါင်ဝဲမြို့၊ ကိုးပင်စသည့် ပတ်ဝန်းကျင်ကျေးရွာများ၊ ပဲခူးတိုင်း အနောက်ခြမ်း ဝက်ထီးကန်၊ ပေါက်ခေါင်းတို့မှထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများ လာရောက်ရောင်းဝယ်ဖောက်ကားရာ အချက်အချာကြသည့်မြို့ဖြစ်ပါသည်။အောင်လံမြို့သည် စပါး၊ ပဲမျိုးစုံ ဆီထွက်သီးနှံ၊ ဝါစသည့် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိရာ အောင်လံကုန်စည်ဒိုင်မှလည်း အထူးသက်ဝင်လျှက်ရှိပြီး ဒေသခံတောင်သူပွဲစ
