ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် (၄)မြို့နယ်နှင့် အခြားမြို့နယ်များမှ မတ်လအတွင်း တင်ပို့သော ဆန်တင်ပို့မှု အခြေအနေ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှု မှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့်  အခြား ဒေသများသို့ နေ့စဉ် (စီးထွက်) လျက်ရှိကြောင်းသိရသည်။

   ယခင်လ ၂၀၂၅ ခုနှစ် ဧပြီလ ၁လအတွင်း မအူပင်  ဆန်တင်ပို့မှု အိတ် ၆၆၀၊ ပန်းတနော် ဆန်တင်ပို့မှု ၆၄၃၇၊ ညောင်တုန်းဆန်တင်ပို့မှု ၈၅၃၂၀၊ ဓနုဖြူဆန်တင်ပို့မှု ၁၅၆၃၅ အိတ်နှင့် စုစုပေါင်း (၁၀၈၀၅၂) တင်ပို့ပြီး တန်အားဖြင့် ၅၄၀၂ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၁၇၇၇၄၇ အိတ် နှင့် တန်အားဖြင့် ၈၈၈၇ တန် ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

   ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၅ ခုနှစ်  မတ်လက (၄)မြို့နယ် ဆန်အိတ် ၅၂၃၉၂၀ အိတ်နှင့် တန်အားဖြင့် ၂၆၁၉၆ တန် တင်ပို့နိုင်ခဲ့ကြောင်း အခြားမြို့နယ်များ ဆန်တင်ပို့မှုအနေဖြင့် ၃၆၄၄၁၇ အိတ် နှင့် တန်အားဖြင့် ၁၈၂၂၀ တန် တင်ပို့ကြောင်း သိရသည်။

    မတ်လ တင်ပို့မှုနှင့် ဧပြီလတင်ပို့မှုကို နှိုင်းယှဉ်ကြည့်ပါက  ၄မြို့နယ် တင်ပို့မှု ဆန်အိတ်  ၄၁၅၈၆၈ အိတ် လျော့နည်းတင်ပိုပြီး ယခက်လထက် ၂၀၇၉၃ တန် လျော့၍ တင်ပိုခဲ့သည်။ အခြားမြို့နယ် တင်ပို့မှုကို နှိုင်းယှဉ်ပါက ၁၈၆၆၇၀ အိတ် နှင့် တန် ၉၃၃၃ တန်လျော့နည်း တင်ပို့နိုင်ခဲ့ကြောင်း လျော့နည်းရသည့် အကြောင်းအရင်းမှာ နွေစပါးကြိတခွဲမှုမှ ထွက်ရှိသော  ဆန်/စကွဲများ နည်းပါးလာခြင်းကြောင့်ဖြစ်ပြီး မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဆန်/စကွဲသယ်ယူတင်ပို့သူများထံမှ သိရသည်။

     ဧရာဝတီတိုင်းဒေသကြီးထွက် ဆန်များကို သီလဝါဆိတ်ကမ်း၊သံလျှင်မြို့၊ ဆူးလေဆိတ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိတ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုတ်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊   ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုတ်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက်ကြံမြို့၊ ရွှေလင်ပန်းစက်မှုဇုန်းလှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင်ပိုလျှက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)