ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဇူလိုင်လ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ဇူလိုင်လ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ရှိ သာယာဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မင်းလှမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ထုတ်လုပ်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အသားငါးနှင့် ကြက်ဥ၊ ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့မှစတင်ကာ မြို့မဈေးရှေ့တွင် နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသေဈေးနှုန်းဖြင့် နေ့စဉ် ရောင်းချပေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ တောင်သူများ စပါးလက်ကျန်နည်းပါးလာသဖြင့် ခရိုင်အားလုံး ဈေးအနည်းငယ် တက်နေပါကြောင်း သိရှိရပါသည်။
သာယာဝတီခရိုင်အတွင်း မိုးငရုတ်အထွက်အများဆုံးဖြစ်သော မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်များမှာ ငရုတ်သီးစိမ်းများလှိုင်လှိုင်ပေါ်လာပြီဖြစ်၍ ငရုတ်သီးစိမ်းများစတင်၍ ခူးဆွတ်ချိန်ဖြစ်သည့် ဇွန်လတွင် ကိုင်းငရုတ်သီးစိမ်း ၁ပိဿာလျှင် (၆၀၀၀) ကျပ်၊ မိုးမျှော် (ပီနံသီး) ၁ပိဿာလျှင် (၈၀၀၀) ကျပ်ခန့်ရှိခဲ့ပြီး ငရုတ်သီးစိမ်းလှိုင်လှိုင်ပေါ်စပြုသော ဇူလိုင်လ၊ ပထမအပတ်တွင် ကိုင်းငရုတ်သီးစိမ်း ၁ပိဿာလျှင် (၄၀၀၀) ကျပ်၊ မိုးမျှော် (ပီနံသီး) ၁ပိဿာလျှင် (၆၀၀၀) ကျပ်ဈေးရှိခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊
