ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (သစ်) (တစ်အိတ်)လျှင် ၁၀၀၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၁၀၅၀၀၀ ကျပ်၊ ဧည့်မ ထဆန်(သစ်)(တစ်အိတ်)လျှင် ၇၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၃၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၃၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၇၉၅၀-၈၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၀၀၀ မှ ၂၁၀၀ ကျ

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာရှိ ဝါးခမောက်လုပ်ငန်းသည် ဈေးကွက်ရရှိထားသောလုပ်ငန်းဖြစ်ပါသည်။ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူများမှာ တောင်သူလယ်သမားမိသားစုများဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်ကျော်လွန်၍ အားလပ်သည့်ကာလတွင် မိသားစုအပိုဝင်ငွေရရှိစေရန် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။

မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။
မတ်ပဲ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ ကျေးရွာအများစုတွင် စီးပွားဖြစ်စိုက်ပျိုးကြသော ဘူးသီးများလှိုင်လှိုင်ထွက်ရှိနေပါသည်။ ဘူးပင်များကို မတ်လကုန်ခါနီးအချိန်နှင့် ဧပြီလ၏အစပိုင်းလောက်တွင် စတင်စိုက်ပျိုးပါသည်။ စတင်စိုက်ပျိုးရာတွင် ၆ပေပတ်လည်ကျင်းတူး၍ တစ်ကျင်းလျှင် ၃ပင်စီသော်လည်းကောင်း၊ ဘောင်ဆွဲ၍ အတန်းလိုက်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။ ဘူးသီးတစ်ကျင်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အဖြစ် မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားငှားရမ်းခ၊ စင်ပြုလုပ်စရိတ်အပါအဝင် စုစုပေါင်း

မင်းလှဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်) ၌ ရှမ်းအာလူးလက်ကား (ဈေး) အကြီး/အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် (၂၂၀၀-၂၆၀၀) ကြားဈေးရှိပြီး လက်လီဈေးကျပ် (၂၅၀၀-၃၀၀၀) ရှိပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းလက်လီဝယ်ယူသူများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မင်းလှဈေးကွက်သို့ ရန်ကုန်၊ ပြည်မှ ရှမ်းအာလူးများ နေ့စဉ် အိတ် ၁၀၀မှ ၁၅၀ခန့်အဝင်ရှိကြောင်းသိရှိရပါသည်။
