၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းဖြစ်ပေါ်ခဲ့သော ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီ သီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံး စိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်‌သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ဧပြီလအတွင်း တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၅)သောင်းမှ(၇)သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၁၁)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

    ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် (၁၃၅၀-၁၀၀၀-၈၀၀)၊ ဧပြီလ(ဒုတိယပတ်)တွင် ကျပ်(၁၄၅၀-၁၂၀၀-၈၀၀)၊ ဧပြီလ(စတုတ္ထပတ်) တွင် ကျပ်(၁၆၀၀-၁၃၀၀-၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လ အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၅၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှအဝယ်လိုက်၍ ဈေးအနည်းငယ်မြင့်တက် ကြောင်း သိရှိရသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် မတ်လအတွင်း ကုန်ချိန်ပိဿာ (၁၁)သိန်းခန့်၊ တန်ချိန်အား ဖြင့် (၁၇၉၆)တန်ခန့် စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး တင်ပို့ပြီး မြဝတီ၊ မော်လမြိုင်မြို့ ဝယ်လက်များမှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိ ရသည်။

DOCA(မကွေး)