ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Aug 2023

    ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ မြောင်းဦးကျေးရွာမှ ထွက်ရှိသည့် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရနေကြောင်း မင်းဂွတ်သီး စိုက်ပျိုးသူများ၏ပြောဆိုချက်အရ  သိရပါသည်။ ပဲခူးမြို့ သီးနှံဈေးကွက်တွင် လတ်တလောတွင် မင်းဂွတ်သီး အကြီးတစ်လုံးလျှင် ငွေကျပ် ၂၀၀ နှင့် အသေးတစ်လုံးလျှင် ငွေကျပ် ၁၅၀ အထိ ဈေးနှုန်း ဖြစ်ပေါ်နေကာ  အလုံးရေ ၂၀၀ပါ ခြင်းတစ်ခြင်းလျှင် ငွေကျပ်  ၄၀၀၀၀ နှင့်  ၃၀၀၀၀  စသည်ဖြင့်  ဈေးနှုန်းအသီးသီးရှိကြောင်း သိရပါသည်။

03 Aug 2023

   ပဲခူးခရိုင် ၊ ပဲခူးမြို့နယ်အတွင်းရှိ ‌တောင်သူလယ်သမားများအနေဖြင့် မိုးစပါးအပြင် အခြားသီးနှံများ စိုက်ပျိုးလျက်ရှိရာ ပဲခူးမြို့နယ် ၊ မုန်တိုင်းကျေးရွာတွင် ခရမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ဆွတ်ခူး‌ရောင်းချနေရသဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

03 Aug 2023

      ပဲခူးမြို့တွင် ဒေသထုတ်ကုန်အနေဖြင့် ငါးချဉ်လုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြရာ ပဲခူးမြို့အခြေပြု ထုတ်လုပ်ရောင်းချသော ငါးချဉ်အမှတ်တံဆိပ်များတွင် ပဲခူး(မနီ)၊ ငွေငါး၊ အေးမိစံ၊ ကမ္ဘာကျော်၊ ကောင်းထက်စံ၊ ပဲခူးအောင်၊ မမွန်လေး၊ မနိုင်၊ ကျော်ကြား၊ ရွှေဟင်္သာ စသည့် အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည့် လုပ်ငန်းရှင် (၂၀)ဦးကျော်ရှိကြောင်း သိရှိရ ပါသည်။ ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ရွှေကျင်၊ ဝေါ၊ သနပ်ပင် စသည့်မြို့များတွင်လည်း ငါ

03 Aug 2023

   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူမြို့နေပြည်သူများအား အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဝယ်ယူနိုင်ရေးအတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်များကိုတိုက်ရိုက်ရောင်းချပေးလျက်ရှိရာ  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးရှိ သံတောင်လမ်းမကြီးဘေးတွင် ရောင်းချပေးခဲ့ပါသည်။

03 Aug 2023

    ပဲခူးတိုင်းဒေသကြီးတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အခြေခံစားကုန်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်နှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်  စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်အတွက် ပဲခူးမြို့၊ မြို့မဈေးကြီးတွင် ၁၇.၆.၂၀၂၃ ရက်နေ့မှစတင်၍ နေ့စဉ် နံနက်(၀၇:၀၀)နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိ အခြေခံ စားကုန်များဖြစ်သည့် ဆ

Pages