ကုန်သွယ်မှုသတင်းများ
လူကြီး/လူငယ်မရွေး စားသင့်သော အသီး (သို့) အစေ့များထဲတွင် သစ်ကြားသီး (သို့) အစေ့လည်းပါဝင်ပါသည်။ သစ်ကြားသီးများကို ကချင်ပြည်နယ်ဘက်တွင် အများဆုံးစိုက်ပျိုးလေ့ရှိ ပါသည်။ သစ်ကြားစေ့လေးများကို သစ်ကြားသီးအခွံ့မာများမှ ခွာ၍စားရပါသည်။

မန်ကျည်းပင်သည် သစ်မာပင်နွယ်ဝင် အပင်ကြီးမျိုးဖြစ်ပြီး မြန်မာနိုင်ငံအပူပိုင်းဒေသများတွင် အများဆုံးပေါက်ရောက်လေ့ရှိပါသည်။ မန်ကျည်းပင်သည် စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်ပါသည်။ သုံးရာသီပတ်လုံး မန်ကျည်းရွက် အနု၊ အဖူး၊ အသီးစိမ်းအနု၊ အမှည့်များကို နှစ်ပတ်လည် စားသုံးရပါသည်။ မန်ကျည်းသီးအမှည့်များကို အစေ့ထုတ်၍ နှစ်ရှည်ခံအောင်သိမ်းထားပြီးလည်း စားသုံးကြရပါသည်။

တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္တအပတ်) ၌ ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စီပီကြက်အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သား (ရေလွတ်သား) သုံးထပ်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်တို့ဖြင့် ယခင်အပတ်၏ဈေးနှုန်းများအတိုင်း တည်ငြိမ်နေပါသည်။

တောင်ငူမြို့၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၀၃၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၉၈၀၀၀ကျပ်၊ ဧည့်မထ (မိုး) တစ်အိတ်လျှင် ၇၄၀၀၀ကျပ်၊ ဧည့်မထ (နွေ) တစ်အိတ်လျှင် ၅၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်၊ ဧည့်မထ (မိုး) ဆန်တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်တို့ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။
