မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်

Powered by Drupal

       မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့    ရှမ်းပြည်နယ်မှ အများအပြားဝင်ရောက်လျက်ရှိပြီး၊မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်လျက်ရှိကြောင်း သိ ရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း   ၄၉.၅၅   တင်း၊ အထွက်တင်း    စုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါတယ်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ ထုတ်ပြောင်းစျေးမှာ ၃တင်း ဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ)၈၁၀၀၀ကျပ်နှင့် ၈၂၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)  ၈၄၀၀၀ ကျပ်နှင့် ၈၄၅၀၀ ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၄၀၀၀ကျပ်နှင့် ၈၄၅၀၀ကျပ်၊တစ်ပိဿာစျေးအနေ ဖြင့် ပြောင်းဖူးစေ့(ဗမာ) ၁၅၀၀ ကျပ်နှင့် ၁၅၁၉ ကျပ်၊ပြောင်းဖူးစေ့ (ရှမ်း)၁၅၅၆ကျပ်နှင့် ၁၅၆၅ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၅၅၆ကျပ်နှင့် ၁၅၆၅ကျပ်စျေးတို့ဖြစ်ကြောင်း  သိရပါတယ်။ ယခင်နှစ်ကာလတူစျေးမှာ ပြောင်းဖူးစေ့(စီပီ) ၃ တင်းတစ်အိတ်လျင် ၅၁၅၀၀ ကျပ်၊တစ်ပိဿာလျင် ၉၅၄ ကျပ်တို့ ဖြစ်ကြောင်းသိရပါတယ်။ ယခုနှစ်စေျးနှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါက  တစ်ပိဿာလျှင် ၆၁၁ကျပ် စျေးပိုမိုရရှိကြောင်းသိရပါတယ်။ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြား ခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ်ကြောင်းသိရပါတယ်။ 

DOCA(မန္တလေး)

a