ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့သို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါဒေသမှ ဝင်ရောက်လာသောနာနတ်သီးများကို ကျောက်စိမ်းသီးဟုခေါ်ပါသည်။ အလုံးအလတ်နှင့် အကြီးများသာပါပြီး အလုံးသေးမှာ အနည်းငယ်သာပါပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္တအပတ်) တွင် အလုံးလတ်တစ်လုံးလျှင် ၁၃၀၀ကျပ်ပေးရပြီး ၁၀လုံးနှင့်အထက်ယူပါက တစ်လုံးလျှင် ၁၁၀၀ကျပ်အထိဈေးလျှော့ပေးပါသည်။ အလုံးကြီးမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်ရှိပြီး ၁၀လုံးနှင့်အထက် မှာယူပါက တစ်လုံးလျှင် ၁၃၀၀ကျပ်ဖြင့်ရောင်းချပါသည်။

ပဲခူးတိုင်းဒေသကြီးတွင် ကွမ်းသီးစိုက်ဧကအနေဖြင့် (၂၀၀၀)ကျော်တွင် တောင်ငူခရိုင်၌ စိုက်ဧက (၁၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး တောင်ငူခရိုင်နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် ကွမ်းသီးစိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း ၊သံတောင်ကြီးဒေသ၏ ကွမ်းသီးစိုက်ဧကမှာ (၅၈၇၇)ဧကခန့်ရှိပြီး တစ်ဧက အထွက်နှုန်းအနေဖြင့်( ၃၁၃ )ပိဿာခန့် ထွက်ရှိကြောင်း၊ ကွမ်းသီး ဈေးကွက်အနေဖြင့် တောင်ငူခရိုင်မှထွက်ရှိသော ကွမ်းသီးများသာမက သံတောင်ကြီးဒေသမှ ထွက်ရှိသော ကွမ်းသီးမျာ

တောင်ငူမြို့သို့ တောင်ငူမြို့နှင့် အနီးတဝိုက်ရှိ ရွာများမှ ဒေသထွက်အသီးအနှံများ လက်လီ/လက်ကားလာရောက်ရောင်းချလျက်ရှိသော ညောင်ပင်လေးဈေး၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) တွင် ပြောင်းဖူး (အသေး) တစ်ဖူးလျှင် ၁၀၀ကျပ်မှ ၁၅၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် ပြောင်းဖူး (အသေး) တစ်ဖူးလျှင် ၂၀၀ကျပ်မှ ၂၅၀ ကျပ်အထိဈေးတက်လာခဲ့ပါသည်။

ငါးရံ့ငါးဆိုလျှင် ငါးခြောက်ပြုလုပ်ပါက အရမ်းချိုပြီး စားကောင်းသည့်ငါး ဖြစ်သည့်အပြင် မြစ်ချောင်း၊ အင်းအိုင်များပေါများသော ပဲခူးတိုင်းဒေသကြီးတွင် ငါးရံ့ခြောက်ကို ဒေသထွက်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့မျိုးစိတ်ပေါင်းများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ (၅) မျိုးရှိပြီး ရေချိုတွင်သာနေထိုင်ကြကာ ရေချို၌သာ သားပေါက်လေ့ရှိပါသည်။

အောင်လံကုန်စည်ဒိုင်တွင်နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၉-၇-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၅-၇-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ (၅၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။