မြင်းခြံမြို့၏ ငါးခြောက်ဈေးနှုန်း

Powered by Drupal

           မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ အလှူအတန်း၊ မင်္ဂလာဆောင်များ၊ သာရေး၊ နာရေးနှင့် ပွဲလမ်းသဘင်များ၌ အခြားအသားငါးများအပြင် ငါးခြောက်ချက်ပြုတ်ဧည့်ခံကျွေးမွေး မှုများလည်းရှိရာ ယခုလိုပွင့်လင်းရာသီတွင်  ငါးခြောက်ရောင်းချမှုများကောင်းကြောင်း မြင်းခြံမြို့ မြို့မစည်ပင်သာယာဈေးရှိ ရေချိုရေငန်ငါးပိ၊ ငါးခြောက်ရောင်းချသူများထံမှ သိရှိရသည်။

မြင်းခြံမြို့တွင် ရောင်းချလျက်ရှိသောရေချို၊ ရေငန်ငါးပိငါးခြောက်များကို ရန်ကုန်မြို့မှ မှာယူ ရောင်းချကြောင်းနှင့်  ယခုနှစ်ဧပြီလနောက်ဆုံးပတ်တွင် ဒေသခံများ  အများဆုံးဝယ်ယူစားသုံး ကြသည့် ငါးခြောက်ဈေးများအနေဖြင့် ငါးရံ့ခြောက် အလတ်စားတစ်ပိဿာ  (၆၀၀၀၀)ကျပ်၊ ငါးရောင်အသားမြောင်း အလတ်စားတစ်ပိဿာလျှင် (၄၅၀၀၀ )ကျပ်၊   ငါးထောပတ်တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊  ငါးနီတူးတစ်ပိဿာလျှင်  (၂၀၀၀၀ ) ကျပ်၊ ငါးပုတ်သင်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငါးဖောင်ရိုး တစ်ပိဿာလျှင် ( ၃၀၀၀၀ )ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)