ကုန်သွယ်မှုသတင်းများ
ပြည်ပဲဈေးကွက်မှာ ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ လက်ကျန်ပဲများဖြင့်သာ ရောင်းဝယ်နေကြသော ပဲသီးနှံအနက် ဘိုကိတ်ပဲသီးနှံလည်း ပါဝင်နေပြီး လက်ကားရောင်းဝယ်မှုအပြင် လက်လီသမားများကလည်း နေ့စဉ်အဝယ် ရှိကြောင်း သိရပါသည်။ လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက် အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ လက်လီရောင်းဝယ်မှုမှာ တစ်ရက် အိတ် ၂၀ ကျော်သာ ရောင်းချမှုရှိခဲ့ကြောင်း၊ ဘိုကိတ်ပဲသီးနှံဈေးမှာ တစ်တင်း ၆၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြရ၍ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးနေသော်လည်း ယခင်နှစ်နှင့် ယှဉ်သည့်အ

ယခုတစ်ပတ် ပြည်မြို့၏ ပရဆေးဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်မှာ နနွင်းတက်ပင်ဖြစ်ပါသည်။ မိုးတွင်းကာလဖြစ်သောကြောင့် ခြင်၊ ယင်ပေါသည့်အချိန် ဖြစ်သည့် အတွက် ခြင်ဆေးခွေအစား ကျန်းမာရေးအရလည်း အဆင်ပြေသော သဘာဝနနွင်းတက်ကိုသာ လူအများကဝယ်ယူသုံးစွဲခြင်း၊ ဟင်းချက်ရာတွင်လည်း အသုံးပြုခြင်းတို့ကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နနွင်းတက်ကို ခြင်ပြေးစေရန် အသုံးပြုခြင်းကြောင့် လူတို့အတွက် အန္တရာယ်မဖြစ်စေဘဲ ကျန်းမာရေးအတွက် ခေါင်းအုံခြင်း၊ ဇက်ကြောတက်ခြင်းများကို ပျောက်ကင်းစေပါသည်။ နနွင
ဖျံပင်သည် အပင်ပေါက်နှင့် ဥကိုချက်၍စားရသော အလေ့ကျပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်ပါသည်။ မိုးရွာသည်နှင့်တစ်ပြိုင်နက် အစို့များထွက်လာပါသည်။ ဖျံပင်၏ရိုးတံပေါ်တွင် အစက်အပျောက်များပါရှိတက်ပြီး အပွင့်သည် ပိန်းပန်းကဲ့သို့ ရှိပါသည်။ ယခုအချိန်သည် မိုးရာသီအချိန်ဖြစ်သဖြင့် ဖျံပင်ပေါက်ကလေးများကို ဈေးကွက်တွင်ရောင်းချနေပါသည်။ ဖျံဥကို တစ်ချို့က ဝဥလို့လည်းခေါ်ကြပါသည်။ ဖျံပင်များကို ပြည်မြို့ရှိဈေးများသို့ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ရွှေတောင်နှင့် ပန်းတောင်ဘက်မှ အများဆုံးဝင်ရောက်လျက်ရှိပြီ
ပြည်ဈေးကွက်ရှိ ပွဲရုံများတွင် ယခင်တစ်ပတ်က ကြက်သွန်ဖြူ(ရှမ်း) လက်ကား တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၅၅၀၀-၆၀၀၀)ကျပ် ဈေးဖြင့် လည်း ကောင်း၊ ကြူကုတ် တစ်ပိဿာလျှင် လက်ကားဈေး (၇၀၀၀-၇၅၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၇၅၀၀-၈၀၀၀)ကျပ်ဖြင့်လည်းကောင်းဈေးရှိခဲ့ပြီး Online ဈေးရောင်းချသူများအနေဖြင့် ကြူကုတ် တစ်ပိဿာလျှင် (၇၄၀၀-၇၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုတစ်ပတ်တွင် ဈေးအပြောင်းအလဲမရှိ ဒေသတွင်း လက်လီဝယ်ယူသူများ၊ လက်ကားဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှ
ကုက္ကိုလ်ပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါသည်။ အမြဲစိမ်းပင်တစ်မျိုးလည်းဖြစ်ပြီး အပင်ကြီးမျိုးဖြစ်၍ နွေရာသီတွင်အရိပ်ကောင်းကောင်းပေးနိုင်သော အရိပ်ရပင်လည်း ဖြစ်ပါသည်။ ကုက္ကိုလ်ပင်သည် အာဖရိက၊ အာရှ၊ မက်ဒါဂါစကာ၊ အမေရိကနှင့် ဩစတေးလျတို့တွင် ပေါက်ရောက်သည့် မျိုးရင်းပင်တစ်မျိုးလည်းဖြစ်ပါသည်။ အပင်သည် အရွက်စိမ်းစိမ်းစိုစို၊ အညိုရင့်ရင့်အသီးရှည်ရှည်လေးများသီးပြီး ပန်းရောင်နှင့် အဖြူရောင်စပ် ပန်းပွင့်လေးများ ပွင့်ပါသည်။