ကုန်သွယ်မှုသတင်းများ
ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကို ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ ဘဲဥ ၊သားငါးများနှင့် ဟင်းသီးဟင်း ရွက်များကို ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက ၂၀၂၃ခုနှစ်၊ဇွန်လ ၂၁ ရက်နေ့မှစ၍ ဖြူးမြို့၊ မြို့မဈေးကြီးအနီးရှိ စားသုံးသူရေးရာဦးစီးဌာန ရုံးရှေ့တွင် ဆိုင်ခန်းများဖွင့်လှစ်၍ တိုက်ရိုက် ရောင်းချပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက်မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲသီးနှံတို့အား အဓိကစိုက်ပျိုးကြသော်လည်း ဆန်မှာ ဒေသဝမ်းစာဖူလုံမှုမရှိ၍ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ ဝယ်ယူစားသုံးနေရပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ “နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများဖန်တီးနိုင်မှသာလျှင် နိုင်ငံတော်ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်” ဟူသော လမ်းညွှန်မှာကြားချက်နှင့်အညီ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (၂၀၂၂-၂၀၂၃)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၆၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ်ရှိခဲ့ပါသည်။
ယခုအပတ်တွင် တောင်ငူမြို့၌ 92 RON တစ်လီတာလျှင် ၂၀၂၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၃၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၀၇၀ ကျပ်ရှိကြောင်း ဖြိုးဝေကျော်စက်သုံးဆီ အရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။