ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Jul 2023

   မိတ္ထီလာစျေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်များအနက် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊ မဂျမ်းတောဆန်မှာ တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ဖြင့်လည်းကောင်းစျေးငြိမ်နေပြီး ‌ဒေသတွင်းစားသုံးမှုများသော မနောသုခဆန်မှာ တစ်အိတ်လျှင် ယခင်အပတ်တွင် ၇၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၈၀၀၀၀ကျပ်အထိစျေးမြင့်လာခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးအနေနှင့် နွေစပါးမှာ စိုက်ပျိုးချိန်နောက်ကျသကဲ့သို့ ထွက်ရှိမှုတွင်လည်း နောက်ကျလေ့ရှိပါသည်။ ဒေသတွင်းရှိသေ

12 Jul 2023

  ပွင့်လင်းရာသီ ရာဘာအစေးခြစ်ကာလကုန်ဆုံးပြီးနောက် ရာဘာစိုက်ပျိုးတောင်သူများအနေဖြင့် မြေပြုပြင်ခြင်း၊ ခြံရှင်း/ခြုံခုတ်နှင့် အပင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း  ကရင်ပြည်နယ်အတွင်း ရာဘာထွက်ရှိမှုနှုန်းလျော့ကျခဲ့ပြီး  RSS 3 ရာဘာ ၁ပေါင်လျှင် ၁၅၀၀ ကျပ်ထိ လက်ရှိဈေးကွက်ပေါက်ဈေး ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

12 Jul 2023

 စားဖိုဆောင်သုံးစားသောက်ကုန်အနေဖြင့် ကြက်သွန်ဖြူသည် မရှိမဖြစ်လိုအပ်လှပါသည်။ နေ့စဉ် ချက်ပြုတ်စားသောက်ရာ ဟင်းလျာများတွင်လည်း မြန်မာလူမျိုးများသည် ကြက်သွန်ဖြူကို အခွံနွှာ၍သော်လည်းကောင်း၊ ငရုတ်ဆုံတွင် ထည့်ထောင်း၍သော်လည်းကောင်း ချက်ပြုတ်၍ စားသောက်ကြပါသည်။ ကြက်သွန်ဖြူကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူစိုက်ဧက ၃၀,၀၀၀နီးပါးစိုက်ပျိုးကြပြီး တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကာ ကျန်မြို့နယ်များတွင်လည်း အနည်းငယ်စီစိုက်ပျိုးကြပါသည်။ကယားပြည်နယ်တွင်

12 Jul 2023

  ကုလားပဲစိုက်ပျိုးထွက်ရှိမှုတွင် အိန္နိယ၊ ပါကစ္စတန်၊ တူရကီ၊ အီသီယိုးပီးယားနိုင်ငံတို့ပြီးလျှင် မြန်မာသည် ပဥ္စမမြောက် ကုလားပဲစိုက်ဧကအများဆုံးနိုင်ငံဖြစ်သည်။ ကုလားပဲသည် ကမ္ဘာတွင် တတိယအရေးကြီးသော ပဲတစ်မျိုးဖြစ်သည်။ ကုလားပဲကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် ဆောင်းသီးနှံအဖြစ် အောက်တိုဘာနှင့် နိုဝင်ဘာလတွင်စိုက်ပျိုးကြပြီး ဇန်နဝါရီနှင့် ဧပြီလတွင်ရိတ်သိမ်းကြပါသည်။ အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း အနည်းငယ်စိုက်ပျ

12 Jul 2023

  ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ယခုဇူလိုင်လ၊ ပထမပတ်အတွင်း ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၀၃၀) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၁၄၀) ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၈၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၁၆၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇွန်လ၊ နောက်ဆုံးအပတ်အတွင်း ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၀၅၀) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၁၄၅) ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၀၄၅) ကျပ်၊ ဒ

Pages