ကံပိုက်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Powered by Drupal

   ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရှိ ကံပိုက်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်မှ မတ်၃၁ ရက်နေ့အထိ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀.၀၇၄ သန်းရရှိခဲ့သော်လည်း နယ်စပ်မှကုန်ပစ္စည်းတင်သွင်းမှု မရှိသောကြောင့် သွင်းကုန်တန်ဖိုးမရရှိကြောင်း သိရှိရပါသည်။

   ပြည်ပပို့ကုန်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း တစ်သျှူးငှက်ပျောတန်ချိန် ၂၈၄၆၆ တန်၊ အမေရိကန်ဒေါ်လာ ၉.၈၁၁ သန်း၊ ရာဘာတန်ချိန် ၇၈ တန်၊ အမေရိကန်ဒေါ်လာ ၀.၁၅၀သန်း၊ ဖရဲသီးတန်ချိန် ၁၇၀ တန်၊ အမေရိကန်ဒေါ်လာ ၀.၀၁၇ သန်း၊ ငရုတ်သီး(အစို) တန်ချိန် ၃၀၀ တန်၊ အမေရိကန်ဒေါ်လာ ၀.၀၉၆ သန်း၊ စုစုပေါင်းတန်ချိန် ၂၉၀၁၄ တန်၊ အမေရိကန်ဒေါ်လာ ၁၀.၀၇၄ သန်းတင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၉၉၅ သန်းပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)