ကုန်သွယ်မှုသတင်းများ

Powered by Drupal
10 Jul 2023

   တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၇၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်၊ ဧည့်မထ(နွေ)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျပါသည်။

10 Jul 2023

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ  ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ယခုဇူလိုင်လ(ပထမအပတ်)တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းဆက်လက်မြင့်တက်ပါသည်။

10 Jul 2023

   အရောင်အသွေးစုံလင်လှသော ဂန္ဓာမာပန်းသည် မြင်သူတိုင်း သဘောကျနှစ်ခြိုက်သောပန်း ဖြစ်ပါသည်။ ဂန္ဓာမာပန်းသည် ကမ္ဘာပေါ်တွင် တန်ဖိုးထားအမြတ်တနိုးသုံးစွဲပြီး စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်သောပန်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂန္ဓာမာပန်းသည် ဘုရားပန်းအဖြစ် လည်းကောင်း၊ အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း အသုံးပြုကြသောပန်းဖြစ်ပါသည်။ အရောင်အသွေးစုံလင်လှသော ဂန္ဓာမာပန်းများကို စိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံအတွင်း စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။<

09 Jul 2023

မလေးရှားစားအုန်းဆီ သိုလှောင်မှုလက်ကျန်သည် ဇွန်လအကုန်တွင် တန်ချိန် ၁.၈၅ သန်း ရှိခဲ့ရာ လေးလအတွင်း တင်ပို့မှုများ ပို၍လျော့နည်းလာခဲ့သည့်အပြင် ယခင်လထက် ၁၀.၅ ရာခိုင် နှုန်းဖြင့် သိုလှောင်မှုပမာဏ များပြားလာခြင်းဖြစ်ကြောင်း၊ ယခင် ၂၀၂၂ ခုနှစ် ဇွန်လသိုလှောင်မှု တန်ချိန် ၁.၆၅ သန်းထက် ၁၂ ရာခိုင်နှုန်း ပိုမိုကြောင်း ရိုက်တာသတင်းဌာနအား ကိုးကားလျက် The Star သတင်းဌာနက ဇူလိုင်လ ၆ ရက်နေ့၌ ဖော်ပြထားသည်။

09 Jul 2023

အမေရိကန်နိုင်ငံ၌ ပဲပုပ်စိုက်ပျိုးမှုမှာ မျှော်မှန်းထားသည့် ဧရိယာပမာဏထက် လျော့နည်းလျက် ပဲပုပ်ဈေးကွက်အပေါ် ရိုက်ခတ်မှုက ပဲပုပ်ဆီဈေးနှုန်းကို မြင့်တက်စေခဲ့ပြီးနောက် မလေးရှားစားအုန်းဆီ၏ ဈေးနှုန်းသည်လည်း ၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာပြီး တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄၀၀၀ ခန့်သို့ ရောက်ရှိလာပါသည်။

Pages