ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Jul 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နှင့် ပန်ကန်းရပ်ကွက်ရှိ တော်ဝင်(၂) စက်သုံးဆီအရောင်းဆိုင်၊ ပြုံးပြုံးရွှင်စက်သုံးဆီအရောင်းဆိုင်နှင့် ကျော်လွင်စက်သုံးဆီအရောင်းဆိုင်များ၌ ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

05 Jul 2023

   ဈေးကွက်အတွင်း စဉ်ဆက်မပြတ် ရောင်းအားကောင်းလျက်ရှိ‌သော ကြက်ဥကို ရှမ်းပြည်နယ်၊တောင်ကြီးနှင့် အင်းလေးဒေသမှ အများဆုံးတင်သွင်းရောင်းချကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ(စတုတ္တပတ်)တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးသေး တစ်လုံးလျှင် (၂၃၀)ကျပ်နှင့် ကြက်ဥအလုံးကြီး တစ်လုံးလျှင်(၂၅၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလ(စတုတ္တပတ်)နှင့် နှိုင်းယှဉ်လျှင် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တက်လျက်ရှိပါသည်။ ဒေသကြက်ခြံထွက် ကြက်ဥများမှာလည်း ရောင်းအားကောင်းလျက်ရှိပြီး

05 Jul 2023

     ၂၀၂၃ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ (၂၇) ရက်နေ့အတွင်း နမ့်ဆန်မြို့ဈေးတွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ လုံးသွယ်မွှေးတစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ မဂျမ်းတောတစ်ပြည်လျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

05 Jul 2023

    ကန့်ဘလူမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့လေးတစ်ခုဖြစ်ပါသည်။ ကန့်ဘလူမြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ လယ် ၊ ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။

05 Jul 2023

   စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘို၊ ကလေး၊ ကသာနှင့် ကန့်ဘလူခရိုင်များအနေဖြင့် ၂၀၂၃ခုနှစ်၊ မေလတွင် မန္တလေးတိုင်း‌ဒေသကြီးသို့ (၂၃၄၀၀၀)အိတ်၊ ရန်ကုန်တိုင်း ဒေသကြီးသို့ (၁၆၆၀၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၃၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၆၀၀၀) အိတ်၊ ရှမ်း(မြောက်)သို့ (၁၆၀၀၀)အိတ်၊ နေပြည်တော်သို့ (၄၉၀၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၀၀၀) အိတ်၊ စုစုပေါင်း(၄၉၄၀၀၀)အိတ်၊ တန်အားဖြင့် (၂၄၇၀၀)စီးထွက်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇွန်လတွင် မန္တလေး တိုင်း‌ဒေသကြီးသို့ (၁၀၃၆၈၀)အိတ်၊

Pages