ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Jun 2023

      မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

28 Jun 2023

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

28 Jun 2023

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ရာသီစာပေါ်ဦးပေါ်ဖျား မန်ကျည်းသီးစိမ်းများကို ကန်သာယာဈေးသို့ လာရောက်ရောင်းချနေပြီဖြစ်ရာ တစ်ပိဿာ ကျပ် ၁၀၀၀၀-၁၂၀၀၀ ဖြင့် ရောင်းချ နေရခြင်းကြောင့် မန်ကျည်းသီးစိမ်းခူးယူရောင်းချနေသူများ လတ်တလော စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း မန်ကျည်းသီးစိမ်းခူးယူရောင်းချသူများထံမှ သိရှိရပါသည်။          ရာသီစာမန်ကျည်းသီးစိမ်းများ ခူးယူရောင်းချခြင်းဖြင့် မန်ကျည်းသီးစိမ်းပေါ်ဦးပေါ်ဖျားအချိန်တွင် ဈေးနှု

28 Jun 2023

    ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခဝဲသီးများစိုက်ပျိုးထားရှိကြောင်း သိရရှိပါသဖြင့် (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ခဝဲသီးစိုက်ပျိုးသောတောင်သူနှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်ခဲ့ပါသည်။

28 Jun 2023

    ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခရမ်းသီးများစိုက်ပျိုးထားရှိကြောင်းသိရရှိသဖြင့် (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရမ်းသီးစိုက်ပျိုးသည့် တောင်သူနှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်ခဲ့ပါသည်။

Pages